30 C
Yangon

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီး၊ ကျေးရွာ ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီး၊ ကျေးရွာ ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၄

ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ လုံးထိမှန်ကာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူပိုင် ဖရဲသီး စိုက်ခင်းများလည်း လက်နက်ကြီးကျည် ထိမှန်ခဲ့​ကြောင်း သိရသည်။

” ကျေးရွာ ၁ ရွာက ပြည်သူပိုင် နေအိမ် ၁ လုံးကို လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ နောက်ထပ် ရွာ ၁ ရွာကလည်း ဖရဲသီး စိုက်ခင်းတွေထဲ လက်နက်ကြီးကျည်ကျတယ်။ မတ်လအတွင်း တိမ်းရှောင်နေရတာ ရွာပေါင်း ၃၀ ကျော်တယ်။ စစ်ခွေးတွေက နေ့ကော ညကော ရွာထဲကော ရွာပြင်ကော နေရာတိုင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ တိုက်ပွဲမရှိလည်း ပစ်တာပဲ တိုက်ပွဲရှိလဲပစ်တာပဲ သူတို့က အချိန်မရွေး နေရာမရွေး ပစ်နေတော့ ပြည်သူတွေက ရွာထဲမှာ ဘယ်နေရဲတော့မလဲ အခုထိကို တိမ်းရှောင်နေရတယ်။ မတ်လ အတွင်းကို ကျေးရွာပေါင်း ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

မတ်လအတွင်း အကြမ်းဖက် စစ်တပ်က ကယားပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာ ၃၀ ကျော်ကက ပြည်သူ ၃၀၀၀၀ ကျော်သည် လက်ရှိချိန်ထိ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article