34 C
Yangon

တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက သိမ်းပိုက် မီးရှို့ရှင်းလင်း၊ ရဲများသေဆုံးမှုရှိပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

Must read

တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက သိမ်းပိုက် မီးရှို့ရှင်းလင်း၊ ရဲများသေဆုံးမှုရှိပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDF တပ်များက သိမ်းပိုက် မီးရှို့ရှင်းလင်းလိုက်ပြီး ရဲများ သေဆုံးမှုရှိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပိုင်းရှိ ဘုက္ကန်ရွာတွင် PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ၁ နာရီ ၃၀ မိနစ် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဖွဲ့က ဘုက္ကန်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဘုက္ကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်တပ်က Mi 35 ရဟတ် ယာဥ် ၂ စီးဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် လာရောက် ပစ်ခတ်လျက်ရှိ​ကြောင်း သိရသည်။

“တမူးမြို့နယ် ဘုတ်ကန်ရွာကို ဒေသ PDF တပ်ဖွဲ့တွေက နံနက် ၇ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက် လိုက်တယ်လို့သိရပါတယ်။ ဘုတ်ကန်ရွာက အိမ်ခြေ ၂၀၀၀ ခန့်ရှိတဲ့ဟရွာကြီးပါ စစ်ခွေးရဲစခန်းကို ဝင်တိုက်တာ ရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ မွန်းလွဲပိုင်းမှာ Mi – 35 ၂ စီးနဲ့ လာပစ်တယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article