30 C
Yangon

ကော့ကရိတ်၊ ကျုံဒိုးရဲစခန်း မီးရှို့လောင်နေပြီး အာရှလမ်းမကြီး နေရာ ၄ ခု ထက်မနည်းတွင် တိုက်ပွဲများ ပြင်းထန်နေ၊ မြ၀တီ၊ သင်္ကန်းညီနောင်တွင်လည်း တိုက်ပွဲ ဆက်ဖြစ်နေ

Must read

ကော့ကရိတ်၊ ကျုံဒိုးရဲစခန်း မီးရှို့လောင်နေပြီး အာရှလမ်းမကြီး နေရာ ၄ ခု ထက်မနည်းတွင် တိုက်ပွဲများ ပြင်းထန်နေ၊ မြ၀တီ၊ သင်္ကန်းညီနောင်တွင်လည်း တိုက်ပွဲ ဆက်ဖြစ်နေ

■ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း ဖမ်းဆီးရမိထားပြီး လက်နက်များပါ သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့်မြ၀တီမြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်း မှ စတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး ကျုံဒိုးမြို့ ရဲစခန်း မီးလောင် နေ ကြောင်း ဒေသစစ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကော့ကရိတ်-မြ၀တီလမ်းပိုင်း ၄ နေရာ၊ ကော့ကရိတ်မြို့နယ်အနီး ကျုံဒိုးရဲစခန်း တို့တွင် တိုက်ပွဲများဖြစ်ပြီး ကျုံဒိုးရဲစခန်းမီးလောင် သွားကြောင်း၊ စစ်ကောင်စီ ဘက်မှ ၂၀ ဦးထက်မနည်း ကို ဖမ်းဆီးရမိပြီး လက်နက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“ကျုံဒိုးရဲစခန်းတော့ မီးလောင်သွားပြီ။ ကော့ကရိတ်-မြ၀တီလမ်းပိုင်း နေရာ ၄ ခု၊ နောက်ပြီး မြ၀တီကုန်သွယ်ရေးဇုန် အဲဒီဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အခုသိရသလောက်ကတော့ စစ်သား တွေ ၂၀ လောက် အရှင်ဖမ်းမိတယ်။ လက် နက် ခဲယမ်းတွေ လည်း အများအပြား ဖမ်းဆီးရမိတယ်။ သက်ဆိုင်ရာ အဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ ကရင်ပြည်နယ် နေရာ တော်တော်များများမှာ တိုက်ပွဲတွေဖြစ်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ နေရာအနှံ့အပြား ဖြစ်ပွားနေသဖြင့် ပြည်သူများ အနေဖြင့် ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီး အပါအဝင် လမ်းခရီး သွား လာမှုများကို အထူးဂရုပြု ရှောင်ကြည်သွားလာကြရန် ဒေသတော်လှန်ရေး သတင်း ရင်းမြစ်များက သတိပေးထားသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားသော မြ၀တီကုန်သွယ်ရေးဇုန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article