တန့်ဆည်တွင် တန့်ဆည်အမျိုးသမီးသပိတ်ဦးဆောင်၍တန့်ဆည်ပင်မသပိတ်နှင့်အတူ ပြည်သူများ စစ်အာဏာရှင်ကို ချီတက်ဆန္ဒပြ
ရန်ကုန်၊ မတ်၂၇
တန့်ဆည်တွင် တန့်ဆည်အမျိုးသမီးသပိတ် ဦးဆောင်၍ တန့်ဆည်ပင်မသပိတ်နှင့်အတူ ပြည်သူများက မတ်လ၂၇ရက် တော်လှန်ရေးနေ့တွင် ဖက်ဆစ်နည်းလမ်းအတိုင်း ကျင့်ကြံနေသော စစ်အာဏာရှင်ပေါင်းအပါတို့ကို တော်လှန်ဆန့်ကျင်ကြရန် ဆန္ဒပြခဲ့ကြသည်။
“ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကိုင်စွဲချီတက်”၊ “၂၀၀၈ခြေ/ဥပြန်အသက်သွင်းသူ ပြည်သူ့ရန်သူ, ဖက်ဆစ်ရွေးကောက်ပွဲလက်ခံသူ ပြည်သူ့ရန်သူ”၊ “နိုင်ငံရေးပါတီနှင့်နိုင်ငံရေးသမားများ ပြည်သူ့ဆန္ဒအလေးထားကြပါ” စသည့် ဘန်နာများကို ကိုင်စွဲ ဟစ်ကြွေး၍ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။