30 C
Yangon

မကွေးတိုင်း ၊ မင်းရွာ စစ်စခန်း နှင့် တောင်သာမြို့ တောင်ကြား စစ်တပ် စစ် ဆေးရေး ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၅ ဦးသေ

Must read

မကွေးတိုင်း ၊ မင်းရွာ စစ်စခန်း နှင့် တောင်သာမြို့ တောင်ကြား စစ်တပ် စစ် ဆေးရေး ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၅ ဦးသေ

ရန်ကုန်၊ မတ် ၂၇

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသ ၊ မင်းရွာရှိ ပျူ စောထီးနှင့် စစ်ကောင်စီဝင်များ၏ အထိုင်စခန်းကို မတ်လ ၂၆ ရက်နေ့တွင် ဒရုန်း ဖြင့် ဗုံးသီး ၁၄ လုံးကြဲချခဲ့ရာ စစ်ကောင်စီဝင်များနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း Myingyan District Drone Strikeမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ အထိနာကာ လက်နက်ကြီးများ ၊ စက် လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း၊ Myingyan District Drone Strike အဖွဲ့ နှင့် အတူ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၄ တပ်ရင်း၊ MG6 ပြောက်ကျားတပ်၊ စည်တော်ကြီး ဒေသ ကာ ကွယ်ရေး ပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ် တောင်ကြား စစ်ဆေး ရေး ဂိတ်ကိုလည်း မတ်လ ၂၅ ရက်နေ့တွင် Drone ဖြင့် ဝေဟင်မှ ဖျက်အားပြင်း ဗုံးသီး ၈ လုံးကျဲချခဲ့ပြီး စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Myingyan District Drone Strike အဖွဲ့ကပြောသည်။

“၂၅ ရက်နေ့က တိုက်ခိုက်မူမှာ စစ်ခွေး ၅ ကောင်ကျသွားတယ်လို့ အတွင်း သတင်း အရ သိရပါတယ်။ ဂိတ်ပျက်စီးမှုလည်း အတော်များတယ်ဗျ။ ကတ္တား တွေပါ ပျက်စီးသွားတယ်။ မနေ့ညက ပွဲကတော့ အတွင်း သတင်း မေး ကြည့် နေတုန်းပါ” ဟု Myingyan District Drone Strike အဖွဲ့ တာဝန်ရှိသူက ရန် ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကို Myingyan District Drone Strike အဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ် ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဝေဟင်တိုက်ခိုက်မှုများ ပိုမိုပြု လုပ် နိုင်ရန် ပြည်သူများအနေနှင့် ကူညီပံ့ပိုးကြရန် မေတ္တာရပ်ခံကြောင်းလည်း Myingyan District Drone Stike က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article