30 C
Yangon

မြင်းခြံရှိ စစ်တပ် တပ်စခန်း ၂ ခုကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ ယင်းမာပင်နှင့် ထားဝယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မြင်းခြံရှိ စစ်တပ် တပ်စခန်း ၂ ခုကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ ယင်းမာပင်နှင့် ထားဝယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စခန်းနှစ်ခုကို တပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် မြင်းခြံမြို့နယ်၊ ကိုင်း ကျေးရွာရှိ ပျူစောထီးစခန်းကို M9 ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ မြင်းခြံမြို့နယ်၊ ဂင်ဂဲကျေးရွာရှိ ပျူစောထီးစခန်းကို M9 ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပျူစခန်းနှစ်ခုကို တပြိုင်တည်းချခဲ့တာ၊ ကိုင်းရွာက ဒဏ်ရာ တဲ့ ၄ ကောင်ကတော့ လူနာတင်ကားတွေနဲ့ မြင်းခြံဆေးရုံကို သယ်သွားတယ်၊ ဂင်ဂဲက စစ်ခွေး နှစ် ကောင်ကတော့ ပွဲချင်းပြီး သေတယ်ဗျ။ ဆေးရုံရောက်တဲ့ စစ်ခွေး သေဆုံးမှုအတိအကျသိရအောင် စုံစမ်း နေတုန်းပါ” ဟု Myingyan District Drone Strike တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများကို Myingyan Destrict Drone Strike အဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၃၊ တပ်ရင်း ၄ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများကို အရှိန်မြှင့်တိုက်ခိုက် သွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် ဝေးဝေးနေ ထိုင်ကြပါရန် သတိပေးထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်တပ်စွဲထားရာ နေရာများကို လက်နက်ကြီး အ လုံး ၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရိုးမရာဇာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲ ထားရာ ဘောလုံးကွင်း၊ သစ်တောရုံး ၊ စုပေါင်းရုံးတို့ကို လက်နက်ကြီး ၄ လက်ဖြင့် အလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ ပစ်မှတ်ကို ထိထိရောက်ရောက် ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေ ဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“မြို့တွင်းမှာရှိတဲ့ ကင်းထောက်တွေပြောတာတော့ စုပေါင်းရုံး၊ သစ်တောရုံး၊ ဘောလုံးကွင်းတွေထဲကို ထိထိရောက်ရောက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောတယ်၊ ခွေးတွေစုနေတဲ့ ဘောလုံးကွင်းထဲ ကိုလည်းကျတယ်၊ ဒီနေ့ဖက်ဆစ်တော်လှန်ရေးအထိမ်းအမှတ်ထုခဲ့တာပါ၊ စစ်ခွေးတွေဘက်က RPG တွေ၊ ၆၀ မမတွေနဲ့ ပြန်ပစ်တာတော့ရှိတယ်၊ ရဲဘော်တွေထိခိုက်တာတော့ မရှိဘူး” ဟု ရိုးမရာ ဇာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရိုးမရာဇာတပ်ခွဲ ၃(ကိုရှမ်း၊ ကိုစိုင်း၊ ရောင်နီဦး) ၊ ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ် အင်အားစု(ရောင်နီဦးတပ်စု၊ စွန်ရဲအဖွဲ့)၊ ကိုစစ်နိုင်အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အမှတ် ၃၀၂ ဇဟာအမြောက်တပ်နှင့် ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာ အရှေ့ဘက်၌ အကျဉ်းထောင်ဟု ယူဆရသော ဆောက်လုပ်ဆဲအဆောက်အအုံအနီးရှိ အကြမ်းဖက်စစ် သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးနိုင် ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)ထံမှ သိရသည်။

မတ်လ ၂၄ ရက် နံနက် ၆ နာရီ ၂၄ မိနစ်ခန့်က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ အမှတ် ၃၀၂ ဇဟာအမြောက်တပ်ကို တာဝေးပစ်လက်နက်ကြီး ၈၁ မမ ဖြင့် အချက် ၂၀ ကျော် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ၆၀ မမများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက် ညနေ ၅ နာရီခန့်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာ အရှေ့ ဘက်၌ အကျဉ်းထောင်ဟု ယူဆရသော ဆောက်လုပ်ဆဲဖြစ်သော အဆောက်အအုံအနီးတစ်ဝိုက်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သား ၁၀ ခန့်ကို ၈၁ မမ၊ ၄၀ မမ များဖြင့် ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ကျဆုံးနိုင်သော်လည်း အရေအတွက်အတိအကျ အတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုနှစ်ကြိမ်လုံးကို ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)- DGRF(ထားဝယ်ပကဖ) ၊ ကျားသစ္ထတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် EDF အဖွဲ့တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့အား အချိန်မရွေး၊ နေရာမရွေး အစွယ်အပွားပါမကျန် တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article