28 C
Yangon

မရမ်းချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချမှု ဒုရဲမှူး အပါအဝင် ရဲ၄ ဦးဒဏ်ရာရ

Must read

မရမ်းချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချမှု ဒုရဲမှူး အပါအဝင် ရဲ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်း ဖြင့် ဗုံးကျဲချခဲ့ရာ ဒုရဲမှူး အပါအဝင် ရဲ ၄ ဦးဒဏ်ရာရရှိကြောင်း ရဲသတင်း ရင်း မြစ်က အတည်ပြုပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မရမ်း ချောင်ကျေးရွာ ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်၊ ဒရုန်းဖြင့် ဗုံး ကျဲချရာ မရမ်းချောင်းစစ်ရေး ဂိတ် အမှတ် ၃ နေရာတွင် ၁ လုံး၊ မူးယစ်တပ်ဖွဲ့အိပ်ဆောင် တွင် ၁လုံး၊ ဂိတ် အမှတ် ၁ အနီးတွင် ၄ လုံး စုစုပေါင်း ၆ လုံးကျရောက် ပေါက် ကွဲခဲ့ ပြီး ပေါက်ကွဲမှုကြောင့် ဂိတ်တာဝန်ကျ ရဲ တပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာ ရရှိ ကြောင်း ရဲသတင်းရင်းမြစ်က ပြောသည်။

ဒဏ်ရာရရှိသူများမှာ ကျိုက်ထို မြို့မရဲစခန်းမှ ရဲတပ်သား ကျော်လင်းထွန်း တွင် ဝဲမျက်ခုံးခွံအစထိမှန်၊ ဝဲဝမ်းဗိုက်ဖောက်ဝင်၊ ဝဲပေါင်အစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မုဒုံမြို့မရဲစခန်းမှ ရဲတပ်ကြပ် ဖြိုးမင်းဉီး တွင် ယာလက်မောင်းရင်း အစထိ မှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ မုပွန်ရဲစခန်းမှ ရဲ တပ်သား ကိုမင်း တွင် ယာဂျိုင်းအောက်၊ ယာတင်ပဆုံအစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မွန်ပြည်နယ် ပြည်နယ်အကူ ရဲတပ် ဖွဲ့မှ ဒုရဲမှူး ကျော်စိုးသန်း တွင် ယာနံဘေးဝမ်းဗိုက်အောက်အစထိမှန်၊ ယာဘက် ကျောကုန်းပွန်းခြစ်၊ ယာဘက်တင်ပါးအစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိပြီး ကျိုက်ထိုပြည်သူ့ဆေးရုံသို့တင်ပို့၍ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဝေဟင်တိုက်ခိုက်ရေးဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article