34 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ၊ သံလွင်မြစ်ကမ်းဘေးမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အကြီးဆုံး စခန်းတစ်ခုမှာ ပါဝင်တဲ့ မယ့်ခါ ထာစခန်းကို KNLA တပ်တွေကနေ ဒီကနေ့ မတ်လ ၂၈ ရက် နေ့ မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က အယောက် ၄၀ ကျော် သေသွား တယ်လို့လည်း KNLA သတင်းရင်းမြစ်တွေဆီကနေ ကနဦး သိထားရပါတယ်။

-စစ်ကိုင်းတိုင်းက ပြည်သူ အယောက် ၆၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြင် ၊ အမျိုးသမီး တွေကိုပါ မဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းကို ခမရ ၇၀၈ တပ်ရင်းက ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင် ကျူးလွန်ခဲ့ပြီး ၊ အဲ့ဒီ့စစ်ကြောင်းက ပါဝင်တဲ့ ၆၃ ဦးရဲ့ နာမည်နဲ့ ရာထူး စာရင်းကို ရရှိထားတယ်ဆိုပါတယ်။

– ပဲခူးတိုင်း ၊ က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးမှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတွေကို တော်လှန်ရေးရဲဘော်တွေကနေ တိုက်ခိုက်ရာမှာ ရဲ ၁ ဦး ပွဲချင်းပြီး သေသွားသလို ၊ ၁ ဦး ဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article