32 C
Yangon

မြ၀တီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုတွင် ဒုရဲမှူး နေစိုး အပါအဝင် ရဲ ၇ ဦး ပျောက် ဆုံးပြီး ရဲ ၃ ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၁ ဦး သေဆုံးဟု စစ်ကောင်စီ ၏ ကြေးနန်းတွင် ဖော်ပြ

Must read

မြ၀တီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုတွင် ဒုရဲမှူး နေစိုး အပါအဝင် ရဲ ၇ ဦး ပျောက် ဆုံးပြီး ရဲ ၃ ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၁ ဦး သေဆုံးဟု စစ်ကောင်စီ ၏ ကြေးနန်းတွင် ဖော်ပြ

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ မြ၀တီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုတွင် ဒုရဲမှူး နေစိုး အပါအဝင် ရဲ ၇ ဦး ပျောက်ဆုံးပြီး ရဲ ၃ ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၁ ဦး တို့ သေဆုံးကြောင်း စစ်ကောင်စီ၏ ကြေးနန်းစာတွင် ဖော်ပြထားသည်။

မတ်လ ၂၅ ရက်နေ့ မြ၀တီကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်ရဲစခန်းတို့ တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးဖြစ်သည့် ရဲတပ်ကြပ်ကြီး ဌေးဝင်း၊ ရဲတပ်ကြပ် ကြီး ဖုန်းမျိုးအောင်နှင့် ရဲတပ်သား သက်စု၊ အကောက်ခွန်ဝန်ထမ်း နေလင်း သေဆုံးကြောင်း၊ ဒုရဲမှူး နေစိုး၊ ရဲတပ်ကြပ်ကြီး မျိုးကျော်သူ၊ ရဲတပ်ကြပ်တင်ထွေး၊ ရဲတပ်ကြပ်စန်းထိုက်အောင်၊ ရဲတပ်ကြပ်ကြီး မင်းဇော်အောင်၊ ရဲတပ်ကြပ်လှစိုးနှင့် ရဲတပ်သား ရဲပိုင်တို့ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ထို့ပြင် သင်္ကန်းညီနောင်ရဲစခန်းလည်း တိုက်ခိုက်ခံရသဖြင့် ရဲဒုတပ်ကြပ် အောင်မျိုးဝင်း ၏ နဖူးတွင် လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းကမူ မြ၀တီကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၁၁ ဦး သေဆုံးကြောင်း၊ ရဲ ၇ ဦးနှင့် မိသားစုဝင် ၁ ဦးကို ဖမ်းဆီး ရမိကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article