33 C
Yangon

ရွှေကျင်တွင် ရပ်/ကျေး ကြံ့ဖွတ်ဥက္ကဋ္ဌ နှင့် မလှိုင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရွှေကျင်တွင် ရပ်/ကျေး ကြံ့ဖွတ်ဥက္ကဋ္ဌ နှင့် မလှိုင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ဝင်းကံကျေးရွာ၏ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ စိုင်းလွင်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာတွင် နေထိုင်သော ရပ်/ကျေး ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ စိုင်းလွင်ဦးကို အမည်မသိသူတချို့က လာရောက်ပစ်ခတ်သွားရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ရပ်/ကျေး ကြံ့ခိုင်ရေး ဥက္ကဋ္ဌ စိုင်း လွင်ဦး သေနတ်နဲ့ ၂ ချက် အပစ်ခံရတယ်။ ပွဲချင်းပြီး သေဆုံးပါတယ်။ အခုတော့ အလောင်းကို ရွှေကျင်ဆေးရုံပို့ ရင်ခွဲစစ်ဆေးပြီး နာရေးလုပ်ဖို့ ပြင်နေကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မန္တလေး တိုင်း၊ မလှိင်မြို၊ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၁၂ မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ဇော်လတ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ဇော်လတ်က လက်ဖက်ရည်ဆိုင် ထိုင်ရန် ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်လာစဉ် သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်နှင့်ရဲက ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဇော်ဇော်လတ်က ရာအိမ်မှူးရာထူးပေမယ့် တကယ် သူလုပ်နေတာက အုပ်ချုပ်ရေးမှူး တာဝန်တွေ။ အုပ်ချုပ်ရေးမှူးက ရှေ့မထွက်ဘူး။ သူပဲ အကုန်လုပ်နေတာပါ။ သေနတ်ပစ်ခံရပြီးတော့ ဆုံးတာကတော့ ပွဲချင်းပြီး ဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article