အရာတော်၊ ကြွေပုဂံရွာကို စစ်တပ်က ညပိုင်းအချိန်အထိ အကြောင်းမဲ့ မီးတင် ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ မတ် ၂၉
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုဂံရွာကို အကြမ်းဖက် စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၉ ရက်နေ့ ည ၆ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကြွေပုဂံ ရွာ ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ ဖျက် ဆီးနေခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။
” ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိသေးဘူး။ အခုစစ်ခွေးတွေက ရွာထဲမှာ မီးရှို့နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အကြောင်းမဲ့ကို မီးရှို့ဖျက်ဆီးနေတာ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။