36 C
Yangon

ထီးချိုင့်-တကောင်း လမ်းပိုင်းတွင် ကျောက်စိမ်းတင်သည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူ များပြား

Must read

ထီးချိုင့်-တကောင်း လမ်းပိုင်းတွင် ကျောက်စိမ်းတင်သည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူ များပြား

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှ ထွက်လာသော ကျောက်စိမ်းတင်ကား ၄၃ စီးကို ထီးချိုင့်-တကောင်း လမ်းပိုင်းတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း တကောင်း – ပကဖမှ သ တင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၂၉ ရက် နံနက် ၁၀ နာရီ ၅၃ မိနစ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို သွားရောက်မည့် ကျောက်စိမ်းများတင်ဆောင်လာသော အကြမ်းဖက်စစ် ယာဉ်တန်းကို တကောင်းတိုက်နယ်၊ ရွာလယ် ချောင်းတံတားအနီး အရောက် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ပျက်စီးပြီး အကြမ်းဖက်စစ်သားများမှာ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ထွက်ခွာလာသော ယင်းအကြမ်းဖက်စစ်ယာဉ်တန်းကို တကောင်းတိုက်နယ်၊ မိုးကောင်းဦး အဝင်ပေါက်နားအရောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို တကောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆက်လက် မောင်းနှင်သွားကြောင်း သိရသည်။

“ပျက်သွားတဲ့ကားကို နေရာမှာပဲ ပစ်ထားခဲ့တယ်၊ သေဆုံးဒဏ်ရာရ စစ်ခွေးတွေကိုလည်း တကောင်း ဆေးရုံထဲကို ပို့ထားခဲ့တာ၊ ဒုတိယမိုင်းက ၆ လုံးအားဆိုတာ့ ထိချက်ပြင်းတယ်၊ ကားတော့ မပျက်ဘူး၊ ခွေးသေတွေပဲ များသွားတာ၊ ကားတန်းက ပေါ်တော်မူ ကျော်သွားတာတော့ သိလိုက်တယ်၊ ၁၃ တပ် နားရောက်သွား လောက်ပြီထင်တယ်၊ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု တ ကောင်း – ပကဖမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများကို တကောင်းတိုက်နယ် ပကဖ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့(ရပ်ကျေး ပကဖ) တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်နှစ်ခုလုံးတွင် အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ စစ် ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် မစ်ရှင်ပြုလုပ်ထားရာ နေရာအနီးတဝိုက်သို့ သွားလာခြင်းမပြုကြရန် တကောင်း-ပကဖက ထုတ်ပြန်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article