38 C
Yangon

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းနှင့် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းနှင့် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းနှင့် စစ်တပ် စစ်ကြောင်းကို ယနေ့ မတ် ၃၀ ရက်‌နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“ပုဏ္ဏယာကွေ့မှာ ခွေးစစ်ကြောင်းထပ်မံ ရောက်ရှိနေတယ် သတင်းရရှိတဲ့အတွက် တိုက်နယ်စွန် PDF အဖွဲ့က တပ်စိတ် ၂ စိတ်ပြင်ဆင်ပြီး ပုဏ္ဏားယာကွေ့မှ ခွေးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ၇ နာရီ ၅၀ မှာ ပုဏ္ဏားယာကွေ့မှ ခွေးတွေက အင်းထဲဘက်က ရွာတစ်ရွာရဲ့ တောကြောင်းဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” တိုက်နယ်စွန် PDF ၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ထို့ပြင် မောင်းထောင်ရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုမှလည်း တံတားဦးဘက်မှ ပြန်လည်ဆုတ်ခွာလာပြီး ညောင်ပင်ဝန်းစခန်းဝန်းထဲသို့ ပြန်ဝင်ရောက်သည်ကို ကြားသိရ၍ လက်နက်ကြီးများဖြင့် ညောင်ပင်ဝန်းစခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ တိုက်နယ်စွန် PDF အဖွဲ့ က နောက်ထပ် တင်စိတ် ၂ စိတ် ပြင်ဆင်ပြီး ဗိုလ်မိုးကြိုးအဖွဲ့နဲ့အတူ နေရာယူပြီး ညောင်ပင်ဝန်းခွေးခြံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်နယ်စွန် PDF အဖွဲ့နဲ့အတူ ဗိုလ်မိုးကြိုး၊စွန်ရဲ ၊မြို့နယ် ပ.က.ဖ တို့နဲ့အတူ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှု စာရင်းကို အတည်မပြု နိုင်သေးကြောင်း တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article