28 C
Yangon

ခရမ်းမြို့နယ်တွင် တိမ်းရှောင်နေသည့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး အလှူသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ရေတာရှည်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ခရမ်းမြို့နယ်တွင် တိမ်းရှောင်နေသည့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး အလှူသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ရေတာရှည်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အမှတ် ၁ ရပ် ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး အလှူသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး သွား ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီခန့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ် ရေးမှူး မျိုးဇော်ဦးသည် ကံဘဲ့ကျေးရွာ အလှူသို့ ရောက်ရှိနေစဉ် သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲ့ဒီကောင်က ခရမ်းမှာတော်တော်ဆိုးဆိုး။ စစ်တပ်သတင်းပေးလုပ်ပြီး သူ ဖမ်းဆီးခဲ့တဲ့ သူတွေ မနည်းဘူး။ အဲဒါ ပျောက်နေတာကြာပြီ။ အခုမှ ပြန် ပေါ် လာတုန်း ဆော်ခံလိုက်ရတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦးသည် အာဏာသိမ်းပြီး သည့် အချိန် မှစတင်ကာ ခရမ်းမြို့နယ်တွင် ဆန္ဒပြလူငယ်များကို စစ်တပ်က ဖမ်းဆီး ရာ၌ အဓိက သတင်းပေးအဖြစ်ပါဝင်သူတစ်ဦးဖြစ်ပြီး မကြာသေးမီက ဘုန်းကြီး တစ်ပါးကို တရားဟောထဲမှာ နိုင်ငံရေးပါလို့ဟုဆိုကာ စစ်တပ်ခေါ်ပြီး သတိပေး ခိုင်း ခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၈ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်း ပြင်အုပ်စု၊ ကရင်ချောင်ရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ လွင်မင်းဦး ကို People Defense Force – Yedeshe က ဖမ်းဆီးပြီး ပစ်ခတ် ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်တပ်အတွက် အလုပ်လုပ်နေသူ လွင်မင်းဦးက စစ်တောင်းမြစ်တလျောက် ကျေးအင်းရွာ၊ ထုံးဘိုရွာ၊ ကရင်ချောင်းရွာ၊ ကျွဲရိုင်းပြင်ရွာများကို စစ်တပ်က စစ် ကြောင်း ထိုးရာတွင်လည်းကောင်း ၊ မကွေးတိုင်းအတွင်းက PDF အဖွဲ့များ လက် နက်သယ်ယူမှု သတင်းကိုလည်းကောင်း စုံစမ်း၍ ဖမ်းဆီးမှုများ ဆောင် ရွက် စေခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရ၍ သေဆုံးသွားသော ခရမ်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက် အုပ် ချုပ်ရေးမှူး မျိုးဇော်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article