38 C
Yangon

ရွှေကူမြို့နယ်ကို ဖုန်းလိုင်းများဖြတ်တောက်ပြီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲကာ လှည့်ပတ် မီးရှို့နေ

Must read

ရွှေကူမြို့နယ်ကို ဖုန်းလိုင်းများဖြတ်တောက်ပြီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲကာ လှည့်ပတ် မီးရှို့နေ

ရန်ကုန်၊ မတ် ၃၀

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကို ဖုန်းလိုင်းများဖြတ် တောက်ပြီး အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်ဖြင့်ဗုံးကျဲစစ်ကူယူကာ လှည့်ပတ်မီးရှို့နေကြောင်း ရွှေကူ PDF ထံမှ သိရသည်။

ယနေ့ မတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ရွှေကူမြို့နယ်၊ မံဝိန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး အခြားနေအိမ်များလည်း ထပ်မံ ကူးစက်နိုင်ခြေရှိကြောင်း၊ မြေပြင်မှလည်း တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ ၊ ခလရ ၇၇ ၊ ခလရ ၈၈ တပ်သားများက ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

“တိုက်လေယာဥ်နဲ့ ဗုံးကြဲမီးရှို့နေတာတော့ သိတယ်၊ တိုက်ပွဲလဲ ဖြစ်နေတယ်၊ ဆုံးရှုံးထိခိုက်မှုတော့ မသိရသေးဘူး”ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများ သည် မံဝိန်း-စီမူကြီးကုန်ထုတ်လမ်းရှိ လယ်တဲများကိုလည်း မီး ရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်အထိ တိုက်လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကျဲလမ်းကြောင်းရှင်းကာ စစ်ကြောင်းထိုးချီတက်မီးရှို့နေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှလည်း အပြင်းအထန်ခုခံကာကွယ်နေပြီး အထိအ ခိုက် တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article