30 C
Yangon

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်တပ်ထုတ် Dagon ဘီယာ ၅၃၂ ဖာ ကို ဖျက်ဆီး

Must read

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်တပ်ထုတ် Dagon ဘီယာ ၅၃၂ ဖာ ကို ဖျက်ဆီး

ရန်ကုန်၊ မတ် ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ကုန်တင်ကား ၁ စီးကို စစ်ဆေးစဥ် စစ်တပ်ထုတ် Dagon ဘီယာ ၅၃၂ ဖာ တင်ဆောင်သောကြောင့် ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ၊ PDF၊ LDF တော်လှန်ရေး အင်အားစုများက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ကုန်တင်ကား ၁ စီးကို စစ်ဆေးစဥ် စစ်တပ်ထုတ် Dagon ဘီယာ ဂျပ်ဖာ ၅၃၂ ဖာ (ဗူးပေါင်း ၁၂၇၆၈ ဗူး) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော Dagon ဘီယာ ဂျပ်ဖာ ၅၃၂ ဖာ (ဗူးပေါင်း ၁၂၇၆၈ ဗူး) ကို ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်တွင် ဖျက်ဆီးခဲ့ကြောင်း၊ ဘီယာ တင်ဆောင်လာသော ကားနှင့် ကားသမားကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးရမိတဲ့ နေရာမှာပဲ ဖျက်ဆီးလိုက်ပါတယ်။ ကား သမားကိုတော့ နောက်မသယ်ဖို့ သတိပေးလိုက်တယ်။ အဲ့ကားနဲ့ နောက်တစ်ခါ ထပ်ပြီး သယ်ဆောင်လာရင် အရေးယူပါ့မယ်”ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article