33 C
Yangon

ဒီပဲယင်းမြို့နယ်တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ကျေးရွာ ၃ ခုကို စစ်တပ်က ယခုည မီးတင်ရှို့နေ

Must read

ဒီပဲယင်းမြို့နယ်တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ကျေးရွာ ၃ ခုကို စစ်တပ်က ယခုည မီးတင်ရှို့နေ

ရန်ကုန်၊ မတ် ၃၁

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြိုနယ်၊ ဘုရားထွက်ရွာဝန်းကျင်ကို ယနေ့ညနေ ၅နာရီ ၂၇မိနစ်တွင် လေ ကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ဘုရားထွက်ရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ယနေ့ ည ၇ နာရီမှစ၍ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ၃၀ရက် ညပိုင်းနှင့် မတ်လ၃၁ရက် ယနေ့နံနက်ပိုင်းတွင် စိုင်ပြင်မြိုမှထွက်ခွာလာသော စစ်ကောင်စီတပ်က မန်ကျည်းစောက်ရွာကို မီးရှိဖျက်ဆီးခဲ့ပြီး ယနေ့ညနေပိုင်းတွင် ပျံကျရွာနှင့် ဘုရားထွက်ရွာတိုကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း၊ ဘုရားထွက်ရွာဝန်းကျင်ကို လေကြောင်း တိုက်ခိုက်မှုကြောင့် PDFရဲဘော်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းရဲ ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောဆိုသည်။

“ညနေမှာ ကြည်၊ဘုရားထွက် ဝန်းကျင်ကို လေကြောင်းနဲ့ပစ်တာ ပြည်သူတွေဘေးကင်းတယ်။ ရဲဘော်နှစ်ဦးတော့ ထိထားတယ်ကြားတယ် ရှပ်ထိတဲ့။ အခုညပိုင်း ဘုရားထွက်ရွာကို ဘုန်းကြီး ကျောင်းကစပြီး မီးစရှို့နေတာ၊ အခြေအနေတော့မသိရသေးဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းဖြန့်ကျက်ပြီး စစ်ဆင်ရေးပြုလုပ်နေသဖြင့် မီးရှို့ခံခဲ့ရသော မန်ကျည်းစောက်ရွာ၊ ပျံကျရွာနှင့် ဘုရားထွက်ရွာတို၏ မီးလောင်ကျွမ်းပျက်စီးမှု အခြေ အနေအသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း အဆိုပါရဲဘော်က ဆက်ပြောသည်။

အကြမ်းဖက်စစ်တပ် ယခင်ကလည်း မန်ကျည်းစောက်ရွာမှ နေအိမ် ၉၇လုံး၊ ပျံကျရွာမှ နေအိမ် ၄၉၆လုံးနှင့် ဘုရားထွက်ရွာမှ နေအိမ် ၂၅၁လုံး ‌မီးလောင်ဖျက်ဆီးခဲ့ဖူးပြီး ယခုတစ်ကြိမ် ထပ်မံ၍ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းအချက်အလက်များ‌ ကောက်ယူနေသည့် ဒီပဲယင်းမြိုနယ်ညီ‌နောင်များအဖွဲ တာဝန်ခံထံမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article