29 C
Yangon

မကွေး၊ ကျောက်ထုဒေသတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေ ဆုံး၊ ရေစကြို PDF စခန်းတစ်ခု စီးနင်းခံရပြီး အရှင်ဖမ်းမိသူ ရဲဘော် ၂ ဦးကို စစ်တပ်က ပေါက်ပြားဖြင့် ခုတ်သတ်မှု အပါအဝင် ရဲဘော် ၅ ဦးကျဆုံး၊ ဗန်း မောက်တွင်လည်း တိုက်ပွဲဖြစ်

Must read

မကွေး၊ ကျောက်ထုဒေသတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေ ဆုံး၊ ရေစကြို PDF စခန်းတစ်ခု စီးနင်းခံရပြီး အရှင်ဖမ်းမိသူ ရဲဘော် ၂ ဦးကို စစ်တပ်က ပေါက်ပြားဖြင့် ခုတ်သတ်မှု အပါအဝင် ရဲဘော် ၅ ဦးကျဆုံး၊ ဗန်း မောက်တွင်လည်း တိုက်ပွဲဖြစ်

ရန်ကုန်၊ မတ် ၃၁

မကွေးတိုင်း၊ ကျောက်ထုဒေသတွင် မတ်လ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အထိ YDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက စစ်တပ်အင်အား ၁၃၀ ခန့်တို့ ၁၀ မီတာ အကွာအဝေးမှ တိုက်ခိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံး ကြောင်း၊ မဟာမိတ်ရဲဘော် ၄ ဦးဒဏ်ရာရရှိပြေီး ရဲဘော် ၂ ဦးမှာ အသက် အန္တရာယ် စိုး ရိမ်ရကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲစခန်းတစ်ခု စီးနင်းခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ ကြောင်း၊ ယင်းကျဆုံးသူများအနက် အရှင်ဖမ်းခံရသူနှစ်ဦး မှာ ပေါက်ပြားဖြင့် ရက်ရက်စက်စက် ခုတ်သတ်ခံခဲ့ရကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃၁ ရက် နံနက် ၄ နာရီခန့်က အင်အား ၇၀ ခန့်ပါ စစ်ကြောင်း သည် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အနီးကပ်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ၃ ဦး ကျဆုံးကာ နှစ်ဦးမှာ အရှင်ဖမ်းခံလိုက်ရကြောင်း၊ ယင်းဖမ်းခံရသူနှစ်ဦးကို အကြမ်း ဖက်စစ်သားများက ပေါက်ပြားဖြင့်ခုတ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်း သိရသည်။

“မနေ့က ကျနော်တို့က မိုင်း ၂ ကြိမ်ဆွဲခဲ့တော့ အထိနာတယ်၊ အဲဒါကို ရေစကြို မြို့ပေါ်မပြန်ပဲနဲ့ အင်အား ထပ်တိုးပြီး တပ်ခွဲစခန်းတစ်ခုကို ဝင်စီးတာ၊ လုံခြုံ ရေး ကင်းတွေဘာတွေရှိပေမယ့်ပေါက်သွားတော့ ရုတ် တရက် အတိုက် ခံလိုက် ရသလိုဖြစ်သွားတာ၊ ပြန်တိုက်ခိုက်နိုင်ပေမယ့် စခန်းအစီးခံလိုက်ရတယ်၊ ၃ ဦးက တော့ပစ်ခတ်ရင်းသေတာ၊ ဖမ်းခံလိုက်ရတဲ့နှစ်ဦးကတော့ ဦးခေါင်းတွေ ပေါက်ပြားနဲ့ခုတ်ပြီး ရက်ရက် စက်စက်သတ်သွားတာ၊ တစ်ဦးဆိုရင် ဦးနှောက် တွေတောင်မရှိတော့၊ ဦးခေါင်းခွံတွေကွဲတဲ့အထိ ထုနှက် သတ်သွားတာ” ဟု ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

တိုက်ပွဲအတွင်း ကျဆုံးသူများမှာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)မှ ရဲဘော် ၄ ဦး၊ YLK ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော် တစ်ဦးတို့ ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ညနေပိုင်း တွင် ကောင်း မွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ရေစကြိုမြို့နယ်(ပကဖ)မှ ရဲဘော် တစ်ဦး၊ Shwe Lai Kyun(LPDF) မှ ရဲဘော်တစ်ဦး၊ အညာသား ပြောက်ကျား တပ်ဖွဲ့ (YSO) မှ ရဲဘော် တစ်ဦး စုစုပေါင်း ၃ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး AK ၂ လက်၊ M4 ၁ လက်တို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၃၀ ရက်နေ့က အကြမ်းဖက်စစ်သား ၄၀ ခန့်သည် ရေစကြို မြို့ ပေါ်မှ ထွက်လာခဲ့ရာ ရေစကြိုမြို့နယ်၊ ညောင်စောင့်ရွာနှင့် သမန္တပို့ ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ (၂)ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့မိုင်းဆွဲခံရသဖြင့် အထိနာသွားသော အကြမ်းဖက် စစ်သား များသည် ရေစကြိုမြို့ပေါ်သို့ မပြန်ဘဲ ညောင်စောင့်ဘုန်းကြီး ကျောင်း ၌ ညအိပ်ကာ ရေစကြိုမြို့ပေါ်မှ အင်အားနှင့် ထပ်မံပူးပေါင်းပြီး အင်အား ၇၀ ခန့် ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း ဗန်းမောက် မြို့နယ် တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဗန်းမောက်မြို့ အနောက်ဖက် ပင်ဟင်းခါး၊ ရွှေကျောင်းရွာအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရေစကြိုတွင် ကျဆုံးခဲ့ရသည့် ပြည်သူ့တော်လှန်ရေးရဲဘော်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article