29 C
Yangon

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ်က ဖော်ထုတ်လိုက်သော အကြမ်းဖက်စစ်တပ်အတွင်းမှ လိင်စိတ်ပြင်းထန် လွန်ကဲနေသော စစ်အရာရှိ၊ တပ်သားများ၏ စရိုက်များ

Must read

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ်က ဖော်ထုတ်လိုက်သော အကြမ်းဖက်စစ်တပ်အတွင်းမှ လိင်စိတ်ပြင်းထန် လွန်ကဲနေသော စစ်အရာရှိ၊ တပ်သားများ၏ စရိုက်များ

By ရန်ကုန်ခေတ်သစ်

လူမှုကွန်ရက်တစ်ခွင်မှာ “အိပ်ယာဝင်ပုံပြင်” ဆိုတဲ့ စကားလုံးက ဒီရက်ပိုင်း အတွင်း အလွန်ကို ရေပန်းစားတဲ့ စကားစု တစ်ခုဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ အမျိုးသမီးတစ်ဦးက အကောင့်တုနဲ့ အကြမ်းဖက်စစ်တပ်အတွင်းမှ အရာရှိ၊ စစ်သည်တွေနဲ့ ငွေကြေးရယူ Sex Chat (လိင်အင်္ဂါများ ပြသ အာသာဖြေခြင်း) ထားတဲ့ Video ဖိုင်တွေကို အိပ်ယာဝင် ပုံပြင် ဆိုတဲ့ တယ်လီဂရမ် ချန်နယ် ကနေ တစ်ခုပြီး တစ်ခု တင်ပြခဲ့ရာက အဲဒီ အိပ်ယာဝင်ပုံပြင် ဆိုတဲ့ ချန်နယ်က အလွန်ပေါက် သွားပါတယ်။

အကောင့်အတုနဲ့ အမျိုးသမီးတချို့က နာမည်အတု မေမီ၊ ရတနာ စတဲ့ နာမည်တွေနဲ့ ငွေကြေးရယူပြီး Sex Chat လုပ်ကြပါတယ်။ အဲဒီအကောင့်ကိုပဲ စစ်ကောင်စီတပ်က အရာရှိကြီးတွေ၊ အရာရှိလေးတွေနဲ့ စစ်သည်တွေက ဆက် သွယ် ငွေကြေးပေးပြီး Sex Chat ခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲဒီလို Sex Chat ခဲ့ကြသူတွေမှာ ဒုတိယဗိုလ်မှူးကြီး အဆင့်တွေ ပါဝင်သလို ရေတပ် ဗိုလ်ကြီးတွေ၊ ကြည်းတပ်ဗိုလ်ကြီးတွေ လည်းပါဝင်ပါတယ်။ ရှေ့တန်း ရောက် အိမ်ထောင်သည် စစ်အရာရှိတွေက သူတို့ နောက်တန်း မပြန်ရလို့ လိင်ကိစ္စ အလွန်လိုအပ်နေတယ်၊ ဒါကြောင့် သူတို့အနေနဲ့ ဒီ Sex Chat တွေ လုပ်ခဲ့ကြတာရှိသလို သူတို့ရဲ့ လိင်အင်္ဂါတွေကိုလည်း တစ်ဖက်က လက်ခံ စကားပြောပေးတဲ့ အမျိုးသမီးကို ဗီဒီယိုနဲ့ ပြသခဲ့ကြပါတယ်။

အဲဒီလို Sex Chat ကြတဲ့အထဲမှာ လူပျို စစ်အရာရှိတွေလည်း ပါဝင်နေပါတယ်။ အိပ်ယာဝင်ပုံပြင်ဆိုတဲ့ တယ်လီဂရမ် ချန်နယ်က ရက်ပိုင်းလောက်သာ ဖွင့်လှစ်ခဲ့ပြီး Follower ၁ သောင်းနီးပါးရှိခဲ့ပြီး စစ်အရာရှိတွေ ကိုယ်တိုင် သူတို့ရဲ့ လိင်စိတ် လွန်ကဲမှု အခြေအနေတွေကို ပြသနေတဲ့ ဗီဒီယိုတချို့ကိုလည်း တင်ခဲ့ ပါတယ်။

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း စစ်တပ် ထဲမှာ အရမ်းကို ရိုက်ခတ်မှု ပြင်းထန်ခဲ့ပြီး နောက်ဆုံး ဧပြီလ ၂၉ ရက်နေ့မှာ အဲဒီ တယ်လီဂရမ်ချန်နယ်နဲ့ စစ်အရာရှိတွေနဲ့ Sex Chat လုပ်ခဲ့တဲ့ အမျိုးသမီးတွေကို ဖမ်းဆီးဖို့ အရေးပေါ် ကြေးနန်းကို စစ်ရုံးချုပ်က ထုတ်ပြန် ပါတယ်။

အဲဒီလို စစ်ရုံးချုပ်က ကြေးနန်းထွက်လာပြီးတဲ့နောက်မှာတော့ အိပ်ယာဝင် ပုံပြင် တယ်လီဂရမ်ချန်နယ် ပျက်သွားခဲ့သလို အကောင့်အတုနဲ့ Sex Chat သူရဲ့ အကောင့်လည်းပျက်သွားပါတယ်။

စစ်တပ်က အကောင့်အတုနဲ့ အမျိုးသမီးကို ဖမ်းဆီးဖို့ အမိန့်ထုတ် ပေမယ့် လည်း အဲဒီအမျိုးသမီးနဲ့ လိင်စိတ်လွန်ကဲစွာ လိင်အင်္ဂါတွေ ပြသ Sex Chat ခဲ့ကြတဲ့ စစ်အရာရှိတွေကိုတော့ အရေးယူတာမျိုးမရှိပါဘူး။

စစ်တပ်အသိုင်းအ၀ိုင်းမှာတော့ ဒါဟာ စစ်တပ်ကို လူမှုရေးနဲ့ တိုက်ခိုက်တဲ့ တစ်ဖက်က လုပ်ရပ်လို့ ဆိုကြပေမယ့် အိပ်ယာဝင်ပုံပြင် ဗီဒီယိုတွေမှာ မြင်ရ တာ ကတော့ အကြမ်းဖက်စစ်တပ်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်အရာရှိတွေရဲ့ အလွန်ဆိုးရွားနေတဲ့ လိင်စိတ် လွန်ကဲမှုတွေ မြင်ရပါတယ်။

ရှေ့တန်းရောက်ရှိနေတဲ့ မြန်မာစစ်တပ်က ကျေးရွာတွေမှာ အမျိုးသမီးတွေ ကလေးတွေကို မုဒိမ်းကျင့်နေတဲ့ ဖြစ်စဉ် တောက်လျှောက်သလို ဖြစ်ပေါ်နေပြီး ဒီမုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေက တကယ်ဖြစ်ပွားခဲ့ဖြစ်ရပ်တွေဆိုတာ အိပ်ယာဝင် ပုံပြင် တယ်လီဂရမ် ချန်နယ်မှာ Sex Chat ခဲ့ကြတဲ့ စစ်အရာရှိတွေရဲ့ လွန်ကဲတဲ့ လိင်စိတ်တောင့်တမှုတွေက သက်သေခံနေပါတယ်။

လူမှုကွန်ရက် နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ ရှေ့တန်းရောက် စစ်ကောင်စီအရာရှိတွေနဲ့ စစ်သားတွေက လူမှုကွန်ရက်မှာ အဲဒီလို Sex Chat နဲ့ လိင်အာသာဖြေဖို့အဓိက ဦးစားပေးသုံးကြလို့ အခုလို ဖြစ်စဉ်မျိုး ဖြစ်လာတာ လို့ ဆိုပါတယ်။

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ်ချန်နယ်နဲ့ အကောင့်အတု နဲ့ Sex Chat သူ အမျိုးသမီးဆိုသူကို ဖမ်းဖို့ အမိန့်ထုတ်ရတဲ့ အထိ စစ်တပ်ထဲမှာ ထိန်းမနိုင် သိမ်းမရ လိင်စိတ်လွန်ကဲမှုတွေနဲ့ စည်းကမ်း ကျင့်ဝတ်ဖောက်ပြားမှုတွေ ရှိနေ တယ်ဆိုတာတော့ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။

အိပ်ယာဝင်ပုံပြင် ဆိုတဲ့ စကားစုက အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးဝါးတဲ့ အခြေ အနေ တစ်နည်းအားဖြင့် တပ်ပျက်နေတဲ့ အနေအထားတစ်ခုကို ပေါ်လွင်စေခဲ့ တဲ့ စကားရပ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article