20 C
Yangon

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ကျဆုံးခဲ့‌သည့် ရဲဘော် ဝဿန်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြုပွဲ ပြုလုပ်

Must read

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ကျဆုံးခဲ့‌သည့် ရဲဘော် ဝဿန်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြုပွဲ ပြုလုပ်

ရန်ကုန်၊ ဧပြီ ၄

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ကျဆုံးခဲ့သည့် ရဲဘော် ၀ဿန်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အသက် ၂၀ အရွယ် ရဲဘော် ၀ဿန်သည် ဗကသ ကျောင်းသားတစ်ဦး ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်း ရွှေဘို တက္ကသိုလ်ရှိ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်စဥ်၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်သူ့တော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူများ၊ မဟာမိတ် အဖွဲ့စည်းတချို့နှင့် ပခုက္ကူ လှုပ်ရှား စစ်‌ဒေသမှ တပ်သား ရဲဘော်တို့တက်ရောက်ခဲ့ကြောင်း၊ ရဲဘော်ဝဿန်ကို ဂုဏ်ပြုဦးညွှတ်ခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် တပ်ဦးအလံတော်တဝက်ချခြင်း၊‌ သေနတ် ပစ်ဖောက် ဂုဏ်ပြုခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article