29.6 C
Yangon

ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

Must read

ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၄

ဖားကန့်မြို့တွင် ယနေ့ ဧပြီလ ၄ ရက် နေ့၌ ဖားကန့်ပြည်သူများ ဦးဆောင်ကာ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြ ပြည်သူများက KIA၊ PDF တိုက်ပွဲတိုင်းနိုင်ပါစေ ၊NUG အစိုးရ ဒို့အစိုးရ ၊ တရားမဝင်ရွေးကောက်ပွဲလူထုအားဖြင့်တိုက်ဖြတ်ကြ ၊ လူထု သစ္စာဖောက် နိုင်ငံရေးပါတီများ အလိုမရှိ၊ လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ၊ ဖက်ဆစ် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ စသည့် ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article