27 C
Yangon

ရွှေဘိုတွင် မိုင်းရှင်းရန် လာသည့် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

Must read

ရွှေဘိုတွင် မိုင်းရှင်းရန် လာသည့် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးကျေးရွာမှ ၇ ရွာအုပ်စု စစ်တပ်ခန့် သူကြီး ပျူစောထီး ခေါင်းဆောင် မောင်ဆန်း အဖွဲ့ နှင့် ဇီးဖြူကုန်း‌ကျေးရွာ၌ စခန်းချ တပ်စွဲထားသော စစ်သားများ ပူးပေါင်းကာ တည်သီးတောရွာနှင့် ဇီးဖြူကုန်းရွာအကြားတွင် မိုင်းရှင်းလင်းရန် ထွက်လာစဥ် ဂျိုးမြေဇင်း လမ်းပိုင်း တစ်‌နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပျူခွေး ၄ ကောင် ပွဲချင်းပြီးသေတယ်။ တည်သီးတောရွာသားများ ဖြစ်တဲ့ ၇ ရွာအုပ်စု စကစ သူကြီး နာမည်ကြီး ပျူခေါင်းဆောင် မောင်ဆန်း နဲ့ သက်ဇော်ဦးတို့က ပြင်းထန် ဒဏ်ရာ ရရှိသွားတယ်။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေလို့ သိရတယ်။ ပျူခွေး ဝင်းဌေးကတော့ ပျောက်နေပြီး သေဆုံးနိုင်ခြေရှိတယ်လို့ သိရတယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး (😭.T)- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ ဖား‌ရွှေ‌ကျော် – ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့၊ နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သရက်တောရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) ထံမှ သိရသည်။

ဧပြီလ ၄ ရက် နေ့လည် ၁၂ နာရီခန့်က ကနီမြို့နယ်၊ အလယ်ကျွန်းပျူရွာမှ အကြမ်းဖက်စစ်သား၊ ပျူ စောထီး ၅၀ ခန့်သည် သက်တောရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် မီတာ ၁၀၀ အတွင်း အနီးကပ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ တစ်နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများက မိုင်းကွင်း အတွင်း နွားအုပ်ကို ဖြတ်ခိုင်းသဖြင့် နွား ၄ ကောင်အရှင်ဖမ်းမိကာ ၃ ကောင်မှာ မိုင်းမိသေဆုံးခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA)၊ ခရို်ငတပ်ရင်း ၂ ၊ အမေ့ သား ကျားသုံးဖော်နှင့် KPDF မှ KGF တပ်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်လုပ်သေနတ်များ ဖြင့် တိုက်ခိုက်နေရသည့်အတွက် သေနတ်ဂျန့်ဖြစ်ကာ ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article