21 C
Yangon

ရွှေကူတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုကြောင့် တုံးကောက်ကျေးရွာနှင့် စီသောင်ကျေးရွာမှ ပြည်သူပိုင်နေအိမ်များ မီးလောင် ပျက်စီး၊ စီသောင်တိုက်နယ် ဆေးရုံမှာလည်း စစ်တပ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးခဲ့ရ

Must read

ရွှေကူတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုကြောင့် တုံးကောက်ကျေးရွာနှင့် စီသောင်ကျေးရွာမှ ပြည်သူပိုင်နေအိမ်များ မီးလောင် ပျက်စီး၊ စီသောင်တိုက်နယ် ဆေးရုံမှာလည်း စစ်တပ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးခဲ့ရ

ရန်ကုန်၊ ဧပြီ ၇

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တပ်များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲသဖြင့် ပြည်သူများနေထိုင်သော တုံးကောက်ကျေးရွာ၊ စီသောင်ကျေးရွာမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်အချိန်၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် မြစ်ကြီးနားမှ တက်လာသော တိုက်လေယာဉ် ၄ စီးက ၂ ကြိမ် ဗုံးလာကျဲခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် တုံကောက်ကျေးရွာနှင့် စီသောင်ကျေးရွာမှ လူနေအိမ်များစွာ မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ လူနေရပ်ကွက် ကျေးရွာများတွင် ဖြစ်ပွားခြင်းဖြစ်သော်လည်း စစ်တပ်က ကျေးရွာနှင့် ရပ်ကွက်များကို ရည်ရွယ်ချက်ရှိ ရှိ ဗုံးကျဲချနေကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“ရွာထဲမှာ ပြည်သူတွေက အချိန်မီ တိမ်းရှောင်နိုင်တော့ ထိခိုက်မှုမရှိဘူး။ ဒါပေမယ့် လူနေအိမ်နဲ့ ရွာတွေကတော့ ပျက်သလောက်ကို ဖြစ်ကုန်တယ်။။ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲလို့ ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဧပြီလ ၅ ရက်နေ့တွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေကူမြို့နယ်၊ စီသာတိုက်နယ်ဆေးရုံမှာ လုံး၀ပျက်စီးသွားကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article