29 C
Yangon

ကလေးမြို့မြောက်ပိုင်း ၅ ရက်ကြာတိုက်ပွဲအတွင်း စစ်သား ၂၅ ဦးသေဆုံး၊ PDF တစ်ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ကလေးမြို့မြောက်ပိုင်း ၅ ရက်ကြာတိုက်ပွဲအတွင်း စစ်သား ၂၅ ဦးသေဆုံး၊ PDF တစ်ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ၅ ရက်ကြာတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်သား ၂၅ ဦးသေ ဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား ကြောင်း CNO Upper Chindwin Region-UCR (ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) က ထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်း ထိုးဝင် ရောက်လာသော အ ကြမ်းဖက် စစ်တပ်ကို ချမ်းသာကြီးကျေးရွာနှင့် လက်ပံချောင်းရွာကြားတွင် CNDF ၊ CDF-Tonzang ၊ HNB ၊ CR ၊ PDA ၊ PDF-Zoland၊ Cangelzawl-ပကဖ၊ RKDF ၊ CDF-KKG ၊ ပျဉ်းတောဦး-ပကဖ နှင့် CDM Siyin ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့ရာ စတင်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ် သားများသည် နန်းစောင်း ပုကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီခန့်မှစတင်ပြီး ညမိုးချုပ်တဲ့အထိ ပျဉ်းတောဦးရွာ အရှေ့ဘက် သင်္ချိုင်း ကုန်းတွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ကလေးမြို့မှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ယင်းတိုက် ပွဲအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်က အသာစီးနိုင်ခဲ့သည့် အတွက် အကြမ်းဖက် စစ်ကောင်စီတပ်က ညနေ ၃ နာရီနှင့် ၄ နာရီ အကြားတွင် ခြေလျင်ဖြင့် လည်းကောင်း၊ လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီး များဖြင့် ပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအချိန်တိုက်ပွဲတွင် အကြမ်း ဖက် စစ်သား အနည်းဆုံး ၇ ဦးသေဆုံးကြောင်း သိရသည်။

ဧပြီ ၁ ရက်နေ့ အကြမ်းဖက် စစ်သားများ နန်းစောင်းပုရွာသို့ တပ်ပြန် ဆုတ် သွားသဖြင့် တိုက်ပွဲဖြစ်ခဲ့ ခြင်း မရှိကြောင်း၊ သို့သော်လည်း ကလေးမြို့မှ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဧပြီ ၂ ရက် နံနက် ၈ နာရီတွင် နန်းစောင်းပုရွာမှ နတ်တံခါးချောင်းအတိုင်း အနောက်ဘက်သို့ အကြမ်းဖက် စစ်သားများ တက် လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၉ နာရီ ၁၀ နာရီ အကြားတွင် ၄၅ မိနစ် အကြာ အကြမ်းဖက်စစ်တပ်က MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး ကလေးမြို့မှလည်း လက်နက်ကြီး ဖြင့် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

ဧပြီ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၃ စီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ကာ စစ်ကူအင်အားချပေးခဲ့ကြောင်း၊ စစ်ကူမချခင် နေ့ လည် ၁၂ နာရီခွဲကစပြီး ကလေးမြို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ပျဉ်းတောဦးရွာမှ တပ်ဆုတ်ခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများက ညောင်ကုန်းရွာနှင့် ပျဉ်း တောဦးရွာထဲသို့ဝင်ရောက်ပြီး ဘန်ကာများ ဆောက်ကာ တပ်စွဲခဲ့ကြောင်း၊ တိုက်ပွဲတွင် အကြမ်ဖးက်စစ်သား ၈ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၄ ရက်နေ့ ညပိုင်း ပျဉ်းတောဦးကျေးရွာတွင် တပ်စွဲထားသည့် အာဏာ သိမ်းအကြမ်းဖက် စစ်သားများကို CNDF က သွားရောက် ပစ်ခတ်ခဲ့ ပြီးအကြမ်းဖက်စစ်သားများ ထိခိုက် ဒဏ်ရာရရှိသူများရှိသော်လည်း သေ ဆုံး ဦးရေ အတိကျမသိရှိရဟု ဆိုသည်။

ဧပြီ ၅ ရက်နေ့ နံနက်ပိုင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် များသည် ချင်းစုရွာထိပ်နှင့် နေရာ အနှံ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ရှိသည့်နေရာကို ဝိုင်းထားသဖြင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ၊ လက်နက် အင်အား မမျှသဖြင့် တပ်ဆုတ်ခဲ့ရကြောင်း၊ အဆိုပါတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်မှ ပစ်ခတ်သည့် ၄၀ မမ ပေါက်ကွဲမှုကြောင့် CNDF ရဲဘော်တစ်ဦး အပါအဝင် ကာကွယ်ရေးပူးပေါင်း တပ်မှ ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၆ ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များ ချင်းစုနှင့် ပျဉ်းတောဦး ရွာမှတပ်ပြန်ဆုတ်သွားသဖြင့် CNDF တပ်ဖွဲ့က ဝင် ရောက် ပြီး နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ပျဉ်း တောဦး-နန်းစောင်းပု ကျေးရွာလမ်းကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ၏ အလောင်း နှင့် အရပ်သားပြည်သူ ၂ ဦးရဲ့ အလောင်း တွေ့ရှိခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူတစ်ဦးမှာ ဖလမ်းမြို့နယ်၊ ဘွာလ်ခေါကျေးရွာမှ ကလေးမြို့နယ်၊ ပျဉ်းခုံကြီးရွာသို့ အလည်လာ သည့် Sui Khaw Muang (၁၈နှစ်) ဖြစ် ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ချင်းစုကျေးရွာ နှစ်ခြင်း ဘုရားကျောင်းထဲတွင် ပြုစု ကုသခဲ့ပြီး ပျဉ်းတောဦးရွာမှ လူနေအိမ် ၄ လုံး၊ စပါးကျီ ၁ လုံးမီးရှို့ခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နှစ်ခြင်း ဘုရားကျောင်း၊ AG ဘုရားကျောင်းနှင့် ဘုရားကျောင်း ရိပ်သာ တစ်လုံးပျက်စီး ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး၏ ရုပ်အလောင်းကို မီးရှို့ထားခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

အကြမ်းဖက်စစ်သားများက ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်းကျေးရွာက လူနေအိမ်များကို ဖောက်ထွင်း ပြီး အဖိုးတန် ပစ္စည်းများခိုးယူကာ အိမ်မွေး တိရစ္ဆာန်များသတ်ဖြတ် စားသောက်ခဲ့ပြီး ၎င်းတို့ဝင်ရောက် မှုကြောင့် ကလေး မြို့ မြောက်ပိုင်း ကျေးရွာ ၁၇ ရွာဖြစ်သည့် ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော၊ ချင်းစု၊ ပျဉ်းတောဦး၊ညောင် ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသားကြီး၊ ရာဇဂြိုလ်ကျေးရွာ စသည့်ကျေးရွာ များမှ ပြည်သူ ငါးသောင်းကျော် မြို့တွင်းနှင့် တောထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကလေးမြို့မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဖြတ် တောက်ထားပြီး ပြည်တွင်း ပြည်ပမှ မိဘပြည်သူများအနေဖြင့် CNO/CNDF -UCR ထံ တိုက်ပွဲအတွင်းလိုအပ်သည့် ငွေကြေးများ စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ လတ်တလော စစ်ရေး အခြေ အနေကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် မိဘ ပြည်သူများ အနေဖြင့် ကလေးမြို့နယ် မြောက် ပိုင်းဘက်သို့ သတိထားသွားလာရန်နှင့် နယ်မြေလုံခြုံရေး စိတ်ချသည့်ချိန်မှာ ပြန်လည်အသိပေးကြေ ညာမည်ဖြစ်ကြောင်း CNDF က အသိပေးထားသည်။

“ထွက်ပြေးနေရတဲ့ ပြည်သူတွေကို စစ်တပ်ဘက်က အတွဲလိုက်ပစ်တဲ့ ဒုံးတွေ၊ လက်နက်ကြီးတွေ အမြှောက်တွေနဲ့ ပစ်ခတ်နေတာက သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ နေ့နေ့ ညည တောတွေ တောင်တွေထဲ ပြေးလွှားနေရတယ်။ အကြမ်းဖက် စစ်တပ်က တကယ့်ကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်ပါ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article