32 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံလေတပ်နဲ့ ဆီသိုလှောင်ကန်တွေကို ရှော့တိုက်ဒုံးတွေနဲ့ ဧပြီလ ၆ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့ရာ ဆီသိုလှောင်ကန် ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

– ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသမှာ စစ်တပ်နဲ့ BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါးဦးဆောင်တဲ့ Lion Battalion ဗျုဟာစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်နဲ့ BGF တပ်ဘက်က ၈၅ ဦး သေသွားပြီး လက်နက် ၇၅ လက်ရရှိခဲ့တယ်လို့ Lion Battalion ဗျုဟာစစ်ကြောင်း တာဝန်ခံ ရဲဘော်တစ်ဦးဖြစ်သူ ကိုအညာသားက ပြောပါတယ်။

– ကရင်ပြည်နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပေမယ့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သင်္ကြန်စည်ကားရေး၊ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်ရေး အပါအဝင် အချက် ၁၉ ချက် ဆောင်ရွက်ဖို့ လျှို့ဝှက်ညွှန်ကြား ချက် ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ ကိုတင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article