စစ်တပ်ကို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက် နေပြီး ပြည်သူနဲ့ ဆက်ဆံရေး ထိခိုက်ကျဆင်းအောင် လုပ်နေတယ်လို့ မင်းအောင် လှိုင် ပြော
ရန်ကုန်၊ ဧပြီ ၇
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံကို တာဝန်ယူထားရတဲ့ စစ်တပ်ကို ပြည်တွင်းပြည်ပ မီဒီယာတွေက နည်းလမ်း ပေါင်းစုံနဲ့ တိုက်ခိုက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဧပြီလ ၅ ရက်နေ့ စစ်ကောင်စီ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ညွှန်ကြားမှူးရေးရုံး ၂၈ နှစ် မြောက် နှစ်ပတ်လည်နေ့မှာ မင်းအောင်လှိုင်က အဲဒီလို ထုတ် ဖော်ပြော ဆိုတာပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရဲ့ တာဝန်အရပ်ရပ်ကို စစ်တပ်က ရယူ ထားတာကို ပြည်တွင်းပြည်ပ မီဒီယာမျိုးစုံက နည်းလမ်းပေါင်းစုံနဲ့ ထိုးနှက် တိုက်ခိုက် နေကြောင်း၊ တိုင်းပြည်တည်ဆောက်ရေးအတွက် လုပ်ဆောင် ချက် တွေကို စစ်တပ်ပိုင် သတင်းစာတွေနဲ့ နိုင်ငံပိုင် သတင်းဌာနတွေက ဖော်ပြ နေရကြောင်း၊ စစ်တပ်နဲ့ ပြည်သူတွေ ကဆ်ဆံရေး ထိခိုက်ကျဆင်းအောင် မီဒီယာတွေက ပုံဖောင်ဆောင်ရွက်နေကြောင်း ပြောဆိုပါတယ်။
လက်တွေ့မှာတော့ အကြမ်းဖက်စစ်ကောင်စီက မီဒီယာ တွေကို လုပ်ငန်း လိုင်စင် ပိတ်သိမ်းပြီး မီဒီယာသမား ၅၀ ဝန်းကျင်ကို ဖမ်းဆီးထောင်ချ အရေးယူ ထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်က နိုင်ငံတော် အာဏာကို အတင်းအဓမ္မ သိမ်းယူ ထားပြီး တရားသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ လူငယ်တွေ အပါအဝင် ပြည်သူ အများအပြားကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း ကုလသမဂ္ဂ၊ ပြည်တွင်း နိုင်ငံအတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းက ထုတ်ပြန် ထားပါတယ်။
မြန်မာစစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့အရပ်သား ပြည် သူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ နှစ်သောင်းကျော်ကို ဖမ်းဆီး ထားတယ်လို့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းယူပြီးချိန်ကစလို့ အမျိုးသမီးတွေအပေါ် အကြမ်း ဖက် မှုနဲ့ သတ်ဖြတ်မှု အများအပြားကျူးလွန်ခဲ့ပြီး ဖမ်းဆီးထိန်း သိမ်းခံထားရသူ ၃၃၀၇ ဦး၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၇၈၅ ဦး၊ သေဆုံးခဲ့ရသူ ၄၅၈ ဦးရှိကြောင်း Burmese Women’s Union က ဧပြီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။