27 C
Yangon

ရန်ကုန်နှင့်မန္တလေးတွင် စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲများတွင် ပါဝင်ခြင်း မပြုကြရန် သတိပေးချက်များ ထုတ်ပြန်

Must read

ရန်ကုန်နှင့်မန္တလေးတွင် စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲများတွင် ပါဝင်ခြင်း မပြုကြရန် သတိပေးချက်များ ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၂

ရန်ကုန်နှင့်မန္တလေးတွင် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲများတွင် ပါဝင်ခြင်းမပြုကြရန် ရန်ကုန်နှင့် မန္တလေးမြို့ပြ အဖွဲ့များက‌ ကြေညာချက်များ အသီးသီးထုတ်ပြန်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်အတွင်း ကျရောက်မည့် သင်္ကြန်အခါသမယအတွင်း စစ်ကောင်စီက ပြုလုပ်မည့် ပွဲများအတွင်းပြည်သူလူထုအနေဖြင့် လုံးဝ မပါဝင်ကြရန်၊ စစ် ကောင် စီ၏ သင်္ကြန်ပွဲများတွင် ပါဝင်သူများအနေဖြင့်လည်း ထိခိုက်မှုရှိပါက တော်လှန်ရေးအဖွဲ့များနှင့်မသက်ဆိုင်ကြောင်း၊ စစ်ကောင်စီ၏ သင်္ကြန်ပွဲ များ ကိုလည်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon UG Fighter(Y.U.G.F)၊ ဂဋ္ဌန်ရာဇာပျောက်ကြားတပ်ဖွဲ့၊ သွေးသစ္စာရန်ကုန် မြို့ပြပျောက် ကြားတပ် ဖွဲ့ တို့က တရားဝင် အသိပေးချက် ထုတ်ပြန်သည်။

အလားတူ မန္တလေးတွင်လည်း နိုင်ငံတဝှမ်း ပြည်သူအပေါင်းသွေးမြေကျ နေ သော အချိန် တွင် စစ်ကောင်စီက ပြုလုပ်သော သင်္ကြန်နှင့်ပတ်သက်၍ ပါဝင် ခြင်း မပြုကြရန် အထူးသတိပေးချက် တစ်ရပ်ကို Rangers of Mandalayက ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article