30 C
Yangon

မြိုင်၊ မကျီးကန်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ပြီး လူချကာ ဝင်ရောက် စီးနင်းနေ

Must read

မြိုင်၊ မကျီးကန်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ပြီး လူချကာ ဝင်ရောက် စီးနင်းနေ

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ရွာကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ပြီး လူချကာ ဝင်ရောက် စီးနင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ မကျီးကန်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ Mi 17 ရဟတ်ယာဥ် ၂ စီးဖြင့် လူချပြီး ကျေးရွာအတွင်း ဝင်ရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။

” မြိုင် မကျီးကန်ကို ပစ်သွားပြန်ပြီ Mi 35 နဲ့ ရဟတ်ယာဥ်က ခုထိတော့ ဝဲနေတုန်း လူချတယ်လို့တော့ ကြားတယ်။ သဖန်းကန်ကနေ မြင်နေရတယ်။ တိုက်ခိုက်ရေး ရဟတ်ယဥ် ၁ စီး နဲ့ ပစ်ပြီး Mi 17 ဗိုက်ပူ ၂ စီးနဲ့ လူချနေတယ်။ အခုထိ ပစ်နေတုန်းပဲလို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် We love Myaing အဖွဲ့ကလည်း အကြမ်းဖက် စစ်တပ်က မကျီးကန်ရွာကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေပြီး ဖြစ်စဥ် အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article