30 C
Yangon

ရန်ကုန်နှင့် မန္တလေးမြို့များရှိ လူစည်ကားရာနေရာများတွင် ဖရဲသီးစီမံချက် စာရွက်များ ဖြန့်ကျဲ

Must read

ရန်ကုန်နှင့် မန္တလေးမြို့များရှိ လူစည်ကားရာနေရာများတွင် ဖရဲသီးစီမံချက် စာရွက်များ ဖြန့်ကျဲ

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုများဖြစ်သော Kyimyindaing Networks (KMD18)နှင့် Mayangone Democratic Front (MDF) တို့မှ ပြည်သူ့ရင်ခွင်၏ (ဖရဲသီး) စီမံချက် ပိုမိုအောင်မြင်စေရေး အတွက် ရန်ကုန်နှင့် မန္တလေးမြို့တို့၏ လူစည်းကားရာနေရာများတွင် ပိုစတာစာရွက် ၂ ထောင်ကျော်ကို ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ဖြန့်ကျဲခဲ့ကြသည်။

ဖရဲသီး လုပ်ကြရန် ရည်ရွယ်ချက်ဖြင့် စာရွက်များကို ဖြန့်ဝေခဲ့ကြခြင်း ဖြစ်ပြီး ဖရဲသီးအဖြစ် သတင်းပေးခြင်းဖြင့် လုံခြုံ စိတ်ချရမှုရှိပြီး ဆုငွေများပါ ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဖရဲသီးအဖြစ် တပ်တွင်းသတင်းများ ပေးပို့ပြီး တော်လှန်ရေးတွင် ပါဝင်လိုသူများသည် http://t.me/MyanmarPeople သို့ ဆက်သွယ် သတင်းပေး၍ ဆုချီးမြှင့်ငွေများ ရယူနိုင်မည် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article