35 C
Yangon

လောင်းလုံးတွင် လက်နက်ကိုင် မူးယစ်ဂိုဏ်းကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်းရမိ

Must read

လောင်းလုံးတွင် လက်နက်ကိုင် မူးယစ်ဂိုဏ်းကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၁၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင် မူးယစ်ဂိုဏ်း ၁ ခုကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်တွင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ အနီးတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကင်းလှည့်လာစဥ် လက်နက် ကိုင်ဆောင်ထားသော မူးယစ်ဂိုဏ်း အဖွဲ့နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မူးယစ်ဂိုဏ်း အဖွဲ့က ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့ နေထိုင်ခဲ့သည့် နေအိမ်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ကာ လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေအိမ် အတွင်းမှ ဘော်ကာသေနတ် ၁ (ကျည်အသင့်ထိုးထား ပြီး) ၊ ရမ်းထောင်းသေနတ် ၂ လက် ၊ ဂက်စ်သေနတ် ၁ လက် ၊ ယမ်းဖူးကစ်များ၊ WY ဆေးပြား ၄၀၉ ပြား ၊ ပုဆိန် ၁ ၊ ဓါးမျိုးစုံ ၆ ၊ လွှ ၁ ၊ ချိန်းကြိုး ၁ ၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃ လုံး၊ Power Bank ၁ ခု၊ ပိုက်ဆံ ၅၀,၃၀၀ ကျပ် ဓါတ်မီး ၁ လုံးနှင့် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

” မူးယစ်ဂိုဏ်းက ကောင်တွေကိုတော့ ဖမ်းမမိဘူး။ ထွက်ပြေးသွားတယ်။ ပစ္စည်းတွေပဲ သိမ်းဆည်းရမိတယ်။ အဲကောင်တွေက မူးယစ်ဆေးဝါး သုံးစွဲပြီး အမြဲလိုလို သေနတ် ပစ်ဖောက်နေသော အဲဒီ လက်နက်ကိုင် မူးယစ်အဖွဲ့ကို ဖမ်းဆီးပေးဖို့ တိုင်ကြားမှုတွေ အများရှိလာတဲ့အတွက် ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ အဲ့ အဖွဲ့ကို ဆက်လက် အရေးယူဆောင်ရွက်တာတွေ ပြုလုပ်သွားမယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article