အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၂၀
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ကျွန်တော်တို့အနေနဲ့ ပြင်းပြတဲ့ဆန္ဒမလျော့တဲ့ ဝီရိယ ခိုင်မာတဲ့ စိတ်ဓာတ်တို့နဲ့ ကြိုးစားလုပ်ကိုင်လျက် ခရီးဆက်ကြရမှာ ဖြစ်ပါတယ်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။