ခင်ဦးမြို့နယ်၊ အောင်သာရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျပြီး ရွာပေါင်း ၂၄ ရွာက ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်သာရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အောင်သာရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန် ကျေးရွာ ၂၄ ရွာက ပြည်သူ ၁၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ခွေးတွေ မီးရှို့လို့ အောင်သာ ကျေးရွာက ပြည်သူပိုင် နေအိမ် ၃ လုံးနဲ့ ပစ္စည်းတွေ မီးလောင်ပြာကျသွားတယ်။ လက်ရှိချိန်ထိ ရွာပေါင်း ၂၄ ရွာက ပြည်သူ ၁၅၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အင်တိုင်းလေးရွာ၊ မြောက်ရွာ၊ သရက်ပင်စုရွာ၊ မကျီးအုပ် ရွာ၊ မြင်းဒေါင်းရွာ၊ မြကန်ရွာ၊ ကုန်းသာရွာ၊ မရမ်းအင်းရွာ၊ အင်းပတ်ရွာ၊ ချမ်းသာကုန်းရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးရွာ၊ ကျီးအိုင်ရွာ၊ သဲကုန်းကြီးရွာ၊ မုံတောတောင်ရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ မှန်သာရွာ၊ ကျွန်းလည်ရွာ၊ ကျွန်းစွယ်ရွာ၊ သိမ်တော်ရွာ၊ မှန်တောရွာ၊ ညောင်ပင်ကြီးစုရွာ စသည့် ကျေးရွာ ၂၄ ရွာမှ ဒေသ ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2023/04/341621827_150054004454658_4682720281986211553_n.jpg)
![](https://yktnews.com/wp-content/uploads/2023/04/341858247_534499525304087_4435721280541297903_n.jpg)
![](https://yktnews.com/wp-content/uploads/2023/04/341769385_714770730404616_6412891983263621114_n.jpg)
![](https://yktnews.com/wp-content/uploads/2023/04/341897241_961108738568787_1309053278597485778_n.jpg)
![](https://yktnews.com/wp-content/uploads/2023/04/341842486_197742993048726_1290322807812811833_n.jpg)
![](https://yktnews.com/wp-content/uploads/2023/04/342068237_893637935269801_6656410053953587209_n.jpg)