28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်နီ ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း အတွက် ရိက္ခာလာပို့တဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KA-KNDF တပ်ဖွဲ့တွေ ကနေ ကြားဖြတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၈ ဦး သေသွားပြီး ၊ ၁ ဦး အရှင်ဖမ်းမိ ထားသလို ၊ လက်နက် ၆ လက်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က နယ်ထိန်းရဲတပ်သား ဇေယျာအောင် ဆိုသူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတဲ့အပြင် ၊ သူ့ဆီက လက်နက် ၊ ကျည်ဆံ နဲ့ ဆိုင်ကယ်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်က ပြောပါတယ်။

– မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က မြကန်သာစျေး အနီးမှာ ယူနီဖောင်းနဲ့ စျေးဝယ်ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးကို ပစ်ခတ်ရှင်းလင်းရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ဗိုလ် ၁ ဦးပွဲချင်းပြီး သေသွားသလို ၊ ၁ ဦး ပြင်းထန် ဒဏ်ရာ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article