37 C
Yangon

KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က YAK-130 တိုက်လေယာဉ်ဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်၏ လက်နက်များ သိမ်းဆည်းရမိ

Must read

KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က YAK-130 တိုက်လေယာဉ်ဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်၏ လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က YAK-130 တိုက် လေယာဉ်ဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျူးကျော်ရန် ကြိုးစားခဲ့သော်လည်း တော်လှန်ရေး တပ်ပေါင်းစု၏ ခုခံမှုကြောင့် စစ်တပ် ဘက်မှ အထိနာကာ စစ်ကောင်စီ တပ်၏ လက်နက်များ သိမ်း ဆည်းရမိ ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။

ဧပြီလ ၂၀ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်း ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့၏ စိုးမိုးနယ်မြေကို စစ်တပ်က လက်နက်ကြီးများဖြင့် အဆက် မပြတ်ပစ်ခတ်ပြီး လေကြောင်းပစ်ကူ YAK130 တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ထက် မနည်း ပစ်ခတ်ကာ ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း၊ MA1 ၁ လက်၊ MA2 ၁ လက်၊ MAကျည်ဘောက် ၃ ဘောက်၊ MA 2 ကျည်ဘောက် အဝိုင်း ၁ ဘောက်၊ ၄၀ မမအသီး ၆ လုံး၊ ၆၀ မမ ၆ လုံး၊ RPG ၁ လုံး၊ နင်းမိုင်း ၄ လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ကို တပ်မဟာ ၆ KNU/ KNLA၊ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာစစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းခုခံတိုက်ခိုက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article