28 C
Yangon

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီခန့် ဇီးပင်လှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီခန့် ဇီးပင်လှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဇီးပင်လှကျေးရွာအုပ်စု ၏ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး ဌေးအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပေါင်းတည် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွခန့်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည် မြို့နယ်၊ဇီးပင်လှအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဌေးအောင်သည် ပေါင်းတည် မြို့ မှ ဇီးပင်လှသို့ ဆိုင်ကယ်ဖြင့်တစ်ယောက်တည်း အပြန်ဘုရားငါးဆူရွာနှင့် မြို့ကြီးရွာကြားလမ်းမပေါ်တွင် PDF တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ရာ ရေအိုင်ထဲကျ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျေးရွာအုပ်ချုပ်ရေး မှူး ဌေးအောင်၏အလောင်းကိုညနေ ၅ နာရီကျော်အချိန် မြို့ပေါ်မှ စစ်တပ် အင်အား ၂၀ ခန့်က လာရောက်သယ်ဆောင်ပြီး ပေါင်းတည်မြို့နယ်ပြည်သူ့ ဆေးရုံ သို့သယ်ဆောင်သွားကြောင်း သိရှိရသည်။

သေဆုံးသွား‌သော အုပ်ချုပ်ရေးမှူးဌေးအောင်သည် စစ်တပ်ဒေါက်တိုင်ဖြစ်ပြီး သမချေးငွေ၊စိုက်ပျိုးရေးချေးငွေများကို ကျေးရွာအုပ်စုအတွင်း တောင်သူ လယ် သမား ထံမှ အမျိုးမျိုး ခြိမ်းခြောက် တောင်းခံပေးနေသူဖြစ်ကြောင်း၊ လောင်း ကစားဒိုင်များနှင့်တရားမဝင်သစ်လုပ်နေသူများထံမှ ဆက်ကြေး ကောက်ပြီး စစ်တပ်နှင့်ရဲထံပေးဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဌေးအောင် မတိုင်မီ ယခင်အုပ်ချုပ်ရေးမှူး အောင်ထွန်း နိုင် ကိုလည်း ယမန်နှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် PDF တပ်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ဌေးအောင်သည် ဒုတိယမြောက်အုပ် ချုပ်ရေးမှူး ဖြစ်ပြီး ဒုတိယမြောက်ရှင်းလင်းခံရသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article