29 C
Yangon

မြဝတီ၊ ပွင့်လင်းအေးမြိုင်ရွာရှိ ပုညရှင် ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ၊ ကျေးရွာနေ ပြည်သူ ၅၀၀ ကျော် မြို့ပေါ်၌ စစ်ဘေးရှောင် နေရ

Must read

မြဝတီ၊ ပွင့်လင်းအေးမြိုင်ရွာရှိ ပုညရှင် ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ၊ ကျေးရွာနေ ပြည်သူ ၅၀၀ ကျော် မြို့ပေါ်၌ စစ်ဘေးရှောင် နေရ

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ပွင့်လင်းအေးမြိုင်ရွာရှိ ပုညရှင် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ညပိုင်းတွင် မြဝတီမြို့နယ်၊ ပွင့်လင်းအေးမြိုင်ရွာရှိ ပုညရှင် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခဲ့ပြီး ကျေးရွာနေ ပြည်သူ ၅၀၀ ကျော်သည် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ပွင့်လင်းအေးမြိုင်ရွာမှာရှိတဲ့ ပုညရှင်ကျောင်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ မနေ့က ညက ဗုံးကျဲသွားတယ်လို့သိရတယ်။ ထိခိုက်တာတော့ မရှိဘူး။ သံဃာတွေကော ပြည်သူတွေကော မြဝတီမြို့ပေါ် စစ်ဘေးရှောင်နေကြတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် မြဝတီမြို့၊ တောရကျောင်း စစ်ဘေးရှောင် ယာယီစခန်းတွင် ပွင့်လင်းအေးမြိုင် နှင့် ကျောက်တောင် ရွာက စစ်ဘေးရှောင် ပြည်သူ ၅၀၀ ခန့်ရောက်ရှိ​နေပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article