32 C
Yangon

ယင်းမာပင် မြို့နယ်ရှိ သပိတ် စစ်ကြောင်းများ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ

Must read

ယင်းမာပင် မြို့နယ်ရှိ သပိတ် စစ်ကြောင်းများ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၄

ယင်းမာပင်မြို့နယ်ရှိ သပိတ် စစ်ကြောင်းများ ပူးပေါင်းကာ ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ ချီတက် ဆန္ဒပြပွဲကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေ ကြည် သပိတ်စစ်ကြောင်း၊ ယင်းမာပင် မြောက်ခြမ်း ကျေးရွာများ သပိတ်စစ်ကြောင်း၊ ရွှေဥက္ကံသပိတ်စစ်ကြောင်း၊ တောင်ပုသွေးသပိတ်စစ်ကြောင်း၊ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ချီတက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ချီတက် ဆန္ဒပြပွဲတွင် “How many dead bodies do UN and International Governments need to take action” စာသားကို ကိုင်စွဲခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article