28 C
Yangon

မတ္တရာ၊ ငါးလုံးပြွန်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၁ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးထား

Must read

မတ္တရာ၊ ငါးလုံးပြွန်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၁ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဧပြီ ၂၄

မန္တလေး၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၁ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူ ၁ ဦးကိုလည်း အကြမ်းဖက် စစ်သားများက ဖမ်းဆီးထားကြောင်း သိရသည်။

” စစ်ခွေးတွေက မွန်းလွဲပိုင်းလောက်တည်းက ငါးလုံးပြွန်ရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့နေတာ အခုသိရတာတော့ နေအိမ် ၁၁ လုံးမီးထဲပါသွားပြီတဲ့ ပြည်သူ ၁ ဦးကိုလည်း ရွာထဲမှာ ဖမ်းဆီးထားတယ်လို့သိရတယ်။ စစ်ခွေးတွေက ရွာထဲမှာ အခုထိ ရှိသေးတယ်” ယု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article