29 C
Yangon

စစ်ကိုင်းမြို့နယ်တွင် ရွာစဥ်လှည့်၍ မီးရှို့နေသည့် စစ်တပ်ကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြားဟု ပြောဆို

Must read

စစ်ကိုင်းမြို့နယ်တွင် ရွာစဥ်လှည့်၍ မီးရှို့နေသည့် စစ်တပ်ကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြားဟု ပြောဆို

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ရွာစဥ်လှည့်၍ မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၇ ဦးရှိကြောင်း တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် အင်းစရွာရှိ နေအိမ် ၃၀၀ ကို မီးရှို့ပြီး တောင်ကြားရွာ၊ မူးသာရွာ၊ တောင်မြို့ရွာနှင့် ရွာထောင်ရွာတို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မွန်းလွဲ ၁ နာရီခန့်တွင် ဒီပဲယင်းကွဲကျေးရွာကို မီးရှို့နေစဥ် ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၇ ဦး ရှိကြောင်း သိရသည်။

” မွန်းလွဲ ၁ နာရီ ကျော်ခန့်မှာ တိုက်ပွဲက စဖြစ်တယ်။ တော်လှန် အင်အားစုတွေနဲ့ တိုက်နယ်စွန် PDF တို့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေဘက်က သေဆုံးသူနဲ့ ဒဏ်ရာ ရသူ ၅၇ ဦးခန့်ရှိတယ်” ဟု တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၂၀၀ ကျော်ဖြင့် ပေါက်ကားရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှု အခြေအနေ အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခြေတော်ရာ အမြှောက်တပ်သို့ ဦးတည်ထွက်ခွာနေကြောင်း တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article