28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တဲကုန်းရွာမှာရှိတဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီလ ၂၅ ရက်နေ့မှာ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ရာမှာ ပျူစောထီး ၁၃ ဦးဟာ နေရာမှာတင် ပွဲချင်းပြီး သေသွားကြသလို ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်- ပကဖ ကနေ ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

-ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ၇ မိုင်(ကျောက်တိုင်လမ်းခွဲ)မှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခု နဲ့ ကင်းပုန်းနေရာတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ် ကောင်စီဘက်က ၁ ပွင့်ဗိုလ်အပါ အဝင် ၃ ဦးသေသွားတယ်လို့ People Defence Force – Thandaung တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာ ၇ ရွာကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်မှာ စစ်ကြောင်းထိုး စီးနင်းနေတဲ့အတွက် ပြည်သူ အယောက် ၂၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article