တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၂၈
တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် “အနိုင်မခံ အရှုံးမပေး ၅/တို့သွေး” ၊ “စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်” စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။