30 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ရေး-ထားဝယ်လမ်းမပေါ် မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီဘက် ၁၅ ဦးနီးပါး သေသွားတဲ့ထဲမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်သူဆွေ ဆိုသူပါ စနိုက်ပါထိမှန်ပြီး သေသွားတယ်လို့ ထားဝယ်မြို့နယ်ဥဩစစ် ကြောင်း ဆီကနေ သိရပါတယ်။

– ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှာ မီတာခ မဆောင်တဲ့ ပြည်သူတွေကို ရဲခေါ် ပြီး ၊ ရိုက်နှက် တရားစွဲဆိုခဲ့သူ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်း ဆိုသူဟာ ဧပြီလ ၂၇ ရက်နေ့မှာ ပစ်ခတ် ရှင်းလင်း ခံရပြီး သေသွားတယ်လို့ သိရပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စက်မှုရပ်ကွက်မှာ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လုံထန်- ပျူစောထီး ခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article