29 C
Yangon

အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာရှိ စခန်းကုန်းပေါ် တက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာရှိ စခန်းကုန်းပေါ် တက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာရှိ စခန်းကုန်းပေါ် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်အချိန် အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာရှိ စခန်းကုန်းပေါ်ကို အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းစောက်ရွာဟောင်းနှင့် ကိုင်းချိုကြီးရွာဘက်မှ စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ကြောင်းထိုး တက်လာခဲ့ကြောင်း ၊ယင်းသို့ တက်လာသည့် စစ်ကြောင်း ၂ ကြောင်းထဲမှ ကိုင်းချိုကြီးရွာဘက်သို့ တက်လာသည့် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက် ပြောက်ကျား တပ်ဖွဲ့ အုတ်ဖို မှ ကြိုတင်ထောင်ထားသည့် ပဒေသာမိုင်း ၇ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်နေသည့် စစ်ကြောင်းကို ၄၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ချောင်းစောက်ရွာဟောင်းမှ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး ယင်းစစ်ကြောင်းမှာလည်း ရှေ့ဆက်တိုးမရသောကြောင့် တပ်ပြန်ဆုတ်ရန်အတွက် ဝိုင်းရွာရဲစခန်းမှ လက်နက်ကြီးပစ်ကူနှင့် စစ်ကူ (၁၅)ဦးခန့်၏ အကူအညီရယူပြီး တပ်ပြန်ဆုတ်သွားကြောင်း သိရှိရသည်။

” အဲဒီ တာဝါတိုင်ရွာက ခွေးတွေ မီးရှို့သွားလို့ ပြည်သူတွေမရှိတော့ပါဘူး။ အိမ်ခြေ ၆၀ ကျော်ရှိတဲ့ရွာလေးပါ။ တာဝါတိုင်ကုန်းကို စစ်ခွေးတွေ ထပ်မံ သိမ်းပိုက်နိုင်ဖို့ ကြိုးစားလာနိုင်ပြီး ထိတွေ့တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားလာနိုင်တယ်။ ဒီနေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပါဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article