30 C
Yangon

ဒီးမော့ဆိုရှိ စစ်ဘေးရှောင် စခန်းများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဒီးမော့ဆိုရှိ စစ်ဘေးရှောင် စခန်းများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၃

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမ​ဲ့ ပစ်ခတ်ခဲ့သောကြောင့် စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ နံနက် အစောပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းများကို ပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” နံနက်ပိုင်း တောက်လျှောက် လက်နက်ကြီးတွေနဲ့ ထုနေတာ ၁၀ လုံးကျော်ပြီ စစ်ရှောင်တွေနေတဲ့ နေရာကိုထုနေတာ ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုပါ အထိအခိုက်မသိရသေးဘူး။ စစ်ခွေးတွေက လူနေထူ​တဲ့ နေရာတွေကို ပစ်မှတ်ထားနေတာ လောလောဆယ် အထိတော့ နေအိမ်ထိခိုက်တာတွေ မရှိသေးဘူး။ စစ်ရှောင်စခန်းတွေဆီလည်း ရောက်တယ်ကြားတယ် အခုပြည်သူတွေပြေးကုန်ပြီ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်းသို့ စစ်တပ်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် မြေပြင်တွင် ကြည်းတပ် အင်အားများကို အဆင်သင့်ပြင်ထားကာ အချိန်မရွေး ဝင်ရောက်နိုင်ရန် ကြိုးစားလျက်ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article