36 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ် ဖမ်းဆီး ထားသည့် PDF ရဲဘော် ၂ ဦးက သေနတ်လု ထွက်ပြေးပြီး အနီးကပ် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး

Must read

ပေါက်မြို့နယ်တွင် စစ်တပ် ဖမ်းဆီး ထားသည့် PDF ရဲဘော် ၂ ဦးက သေနတ်လု ထွက်ပြေးပြီး အနီးကပ် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး

■ ထွက်ပြေးသည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်သောကြောင့် ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆူးလေကုန်းရွာတွင် စစ်တပ် ဖမ်းဆီး ထားသည့် PDF ရဲဘော် ၂ ဦးက သေနတ်လု ထွက်ပြေးပြီး အနီးကပ် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဆူးလေကုန်းရွာကို ဖြတ်သန်းလာသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရန် ကျေးရွာထိပ်သို့ PDF ရဲဘော် ၂ ဦး လာရောက်စဥ် စစ်တပ် ကင်းပုန်းက ရဲဘော် ၂ ဦး ဖမ်းဆီးပြီး ဒူးထောက်ခိုင်းထားစဥ် PDF ရဲဘော် ၂ ဦးက အနီးကပ် လုံးထွေး တိုက်ခိုက်ပြီး MA 1 ၁ လက်နှင့် MA 4 ၁ လက်ကို လုယူပြီး စစ်သား ၁ ဦးကို အနီးကပ် ပစ်သတ်ကာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးစဥ် ကင်းပုန်းအနီး၌ ချက်ပြုတ်စားသောက်ရန် ရောက်ရှိလာသည့် စစ်သား ၃၈ ဦးက ထွက်ပြေးသွားသည့် PDF ရဲဘော် ၂ ဦးကို လိုက်လံ ပစ်ခတ်သောကြောင့် ရဲဘော် ၁ ဦး ကျည်ထိမှန် ကျဆုံးခဲ့ကာ ကျန်ရဲဘော် ၁ ဦးသည် သေနတ်ချ ထွက်ပြေးသောကြောင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ညီနောင် ရဲဘော် ကျဆုံးခြင်း အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ ရဲဘော် ၂ ဦး၏ စိတ်ဓာတ်သည် သတ္တိခဲတို့ ပြုကျင့်သော မြင့်မြတ်သည့်စိတ်ထားဖြစ်ကြောင်း၊ ကျဆုံးသွားသောရဲဘော်အား မြိုင် ပကဖမှ အာဇာနည်အဖြစ်မှတ်တမ်းတင်ထားရှိသွားကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article