36 C
Yangon

ကျောက်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF က တိုက်ခိုက်မှု ရဲမိသားစုဝင် ၂ ဦးသေဆုံးပြီး စခန်းမှူး ရဲအုပ်မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင်တို့ ပျောက်ဆုံးနေဟု ပြည်ထဲရေး ဝန်ကြီးဌာနပြော

Must read

ကျောက်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF က တိုက်ခိုက်မှု ရဲမိသားစုဝင် ၂ ဦးသေဆုံးပြီး စခန်းမှူး ရဲအုပ်မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင်တို့ ပျောက်ဆုံးနေဟု ပြည်ထဲရေး ဝန်ကြီးဌာနပြော

ရန်ကုန်၊ မေ ၂

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များက ယနေ့ ဝင်ရောက် တိုက်ခိုက်ရာရဲမိသားစုဝင် ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် တပ်ကြပ်ကြီးတို့ ပျောက်ဆုံးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနဘက်က ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ င့် ရဲတပ်ကြပ် ဝင်းမြင့်၏ဇနီး မဥမ္မာဝင်း နှင့်သားဖြစ်သူ မောင်ဝေထူးတို့မှာ အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီး ရဲဝင်းမှာ သေနတ်ဒဏ်ရာများရရှိ၍ ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ စခန်းမှူး ရဲအုပ် မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင် တို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

ရဲစခန်းအတွင်းရှိ အဆောက်အဦးများနှင့် မော်တော်ယာဉ်များလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ၊ PDF တပ်များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် ပွေးကျစ်နယ်မြေရဲစခန်းတွင် အင်အား ၁၃ ဦးရှိသည့်အနက် ၈ ဦးမှာ ကျောက်ပန်းတောင်း မြို့နယ်တရားရုံးချိန်းသို့ သွားရောက်နေပြီး စခန်းတွင်အင်အား ၅ ဦးသာ ရှိနေသည့်အချိန်ဖြစ်ကြောင်း၊ PDF တပ်များက လက်ပစ်ဗုံး၊ သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး နယ်မြေ ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကူလွှတ်ရန် အတွက် အထိုင်တပ်ရင်းများဖြစ်သော အမှတ် ၆၀၉ ဒုံးတပ်ရင်း၊ အမှတ် ၂၁ တပ်မတော် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်စက်ရုံနှင့် မြို့နယ် ရဲတပ်ဖွဲ့က စစ်ကူ သွားရောက်ခဲ့​ကြောင်း၊ PDF တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားချိန်မှ စစ်ကူများ ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article