38 C
Yangon

ပေါင်မြို့နယ် သဗြုချောင်ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်များ စုဝေးနေသည့် နေအိမ်ကို SOF တပ်ဖွဲ့က စီးနင်းပြီး လက်နက်များ သိမ်းဆည်းရမိ

Must read

ပေါင်မြို့နယ် သဗြုချောင်ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်များ စုဝေးနေသည့် နေအိမ်ကို SOF တပ်ဖွဲ့က စီးနင်းပြီး လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၂

မွန်ပြည်နယ် ပေါင်မြို့နယ် သဗြုချောင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ စုဝေးနေသည့် နေအိမ်ကို မေလ ၁ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း MON – S.O.F အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

နေအိမ်ကို တိုက်ခိုက် စီးနင်းမှုတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဖိုးချစ်ဆိုသူနှင့် အပေါင်းပါ အကြမ်းဖက် အဖွဲ့ဝင်များ ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

နေအိမ်အတွင်းရှာဖွေရာတွင် M16 အမျိုးအစား သေနတ် ၁လက်၊ M1 အမျိုးအစားရိုင်ဖယ် ၁ လက်၊ ကျည်ဘေက် ၂ ခု၊ ကျည် ၂၀၀ တောင့် ၊ ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း MON – S.O.F အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဖိုးချစ်သည် ရင်းငြိမ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ပေါင်မြို့နယ်အတွင်းရှိ CDM များနှင့် အပြစ်မဲ့ လူငယ်များကို ဖမ်းဆီးခြင်း၊ မတရားနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းနှင့် တရားမဝင်လောင်းကစားလုပ်ငန်းမျိုးစုံကို အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article