36 C
Yangon

မင်္ဂလာဒုံ လေတပ်အရာရှိ ရိပ်သာကို ဗုံးခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရ

Must read

မင်္ဂလာဒုံ လေတပ်အရာရှိ ရိပ်သာကို ဗုံးခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ မေ ၂

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းနှင့် လေတပ်ဂေါက်ကွင်းလမ်းဆုံအနီးရှိ အကြမ်းဖက် စစ်တပ် ၏ လေတပ်အရာရှိ ရိပ်သာကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း KMD 18 အင်အားစုများအဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂ ရက် ည ၇ နာရီ ၁၂ မိနစ်ခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအချို့နှင့် အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ရခြင်းမှာ တစ်နိုင်ငံလုံးအား အကြမ်းဖက်စစ်တပ်မှ လေ‌ကြောင်းအားကိုးဖြင့် မတရား ထိုးစစ်ဆင်နေမှုကို လက်တုံ့ပြန်သည့်အနေဖြင့် KMD18- အမဲလိုက်သမား (Hunter Unit) မှ “နွေဦး အောင်လံ” စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KMD 18 အင်အားစုများအဖွဲ့မှ ပြော ကြားသည်။

KMD18 အင်အားစုအနေဖြင့် မဟာမိတ်ညီနောင်များနှင့်အတူ အကြမ်းဖက်စစ်တပ်မှ ရန်ကုန်မြို့ကို လုံးဝ အုပ်ချုပ်ခွင့်မရအောင် နှင့် အဆုံးသတ်အောင်ပွဲရသည်အထိ ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article