38 C
Yangon

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၂ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ ဖျက်ဆီး

Must read

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၂ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၂ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၆ ရက်နေ့ နံနက် ၇ နာရီ ကျော်ခန့်တွင် မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ပြည်သူ အမျိုးသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ထုတ္တောရွာကို ရွာမြောက်ပိုင်းမှ စတင် မီးရှို့ပြီး ရွာပတ်လည်စည်းရိုးများကို မီးရှို့ကာ နံနက်၁၀ နာရီခန့်တွင် နတ်ရေကန်ကျေးရွာဘက်ကို ပြန်လည်း ဝင်ရောက်သွားချိန်တွင် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကျေးရွာနေ ပြည်သူများက ရွာအတွင်း မီးဝင်ရောက် ငြိမ်းစဥ်၌ အကြမ်းဖက် စစ်တပ်က ဂွေးပင်တောရွာ အနောက်ဘက် ရေပိုးစားကန်ကွေ့မှ ကျေးရွာနေ ပြည်သူများကို လက်နက်ကြီး များဖြင့် လှမ်းပစ်ခဲ့ကြောင်း သိရှိရသည်။

” ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာက ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြင်းမူမြို့နယ်၊လက်ထုတ္တောကျေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ခဲ့တယ်။ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ရွာကြီးတစ်ရွာလို့ ဒေသခံတွေဆီက သိရတယ်။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပြာကျသွားတယ်။ ပြည်သူ အမျိုးသား ၂ ဦးကို စစ်ခွေးတွေက မီးရှို့သတ်ဖြတ်သွားတယ်။ နွား၊ ဝက်တွေလည်း အများအပြား သေဆုံးတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article