21 C
Yangon

မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကျိုက်ထိုမြို့နယ်ရှိ တပ်မ ၄၄ ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကျိုက်ထိုမြို့နယ်ရှိ တပ်မ ၄၄ ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သနပ်ကုန်းရွာ အနောက်ဘက် လုပ်တိုင်းကုန်း ရောက်ရှိလာချိန်တွင် စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း-MSPDF နှင့်အတူ ညီနောင်မဟာမိတ်များမှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDFနှင့် CDSOM 001 အနောက်ပိုင်း တိုက်ခိုက်ရေး အဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၈ NRDF၊ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၁၄၊ ၁၅ SSTF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း MSPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်မ ၄၄ ကို လက်နက်ကြီး များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင် အားစု – KRF ထံမှ သိရသည်။

ယမန်နေ့ မေလ ၆ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က အဆိုပါ အကြမ်းဖက် စစ်တပ်စခန်းအား ကျိုက် ထို တော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA နှင့် ကျိုက်ထိုပကဖ တို့ ပူးပေါင်းပြီး လက်နက်ကြီးများ ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ၆၀ မမ စိန်ပြောင်းများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article